ဘားအံမြို့အ၀င်ဂိတ်၌ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


နေပြည်တော် ၊ ဒီဇင်ဘာ ၉

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လှိုင်းဘွဲ့-ဘားအံမြို့အ၀င်ဂိတ်၌ လုံခြုံရေးပူးပေါင်းအဖွဲ့များက မော်တော်ယာဉ် များအား ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်စဉ် ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် လှိုင်းဘွဲ့မှ ဘားအံဘက်သို့ ယာဉ်မောင်း သန်းနိုင်(ခ)ချစ်ကောင်း မောင်းနှင်ပြီး (အေအယ်လ်ပီပါတီမှ မှူးကြီးအဆင့်ရှိ) ခိုင်မိုးချမ်း(ခ)မောင်သာမြင့်၊ (အေအယ်လ်ပီပါတီမှ စီးပွားရေးတာဝန်ခံ) ခိုင်သိန်းဦး တို့လိုက်ပါလာသည့် ယာဉ်အမှတ် YGN 2G/------- ပါကျဲရိုးအမျိုးအစား ခဲရောင် မော်တော်ယာဉ်အားစစ်ဆေးစဉ် ယာဉ်ပေါ်မှ AK-47 (ခေါက်ဒင်) ၁၅ လက်၊ AK-47 (ဒင်ရှည်) ၄ လက်၊ ၎င်းကျည်အိမ် အတို/အရှည် ၁၉ ခု၊ ၎င်းကျည် ၃၀၀ တောင့်နှင့် ငွေကျပ် သိန်း ၆၀ တို့အား သိမ်းဆည်းရမိခဲ့သည်။

လက်နက်များနှင့်အတူ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ခိုင်မိုးချမ်း(ခ)မောင်သာမြင့်သည် မြ၀တီ-မဲဆောက်သို့ ဒီဇင်ဘာ ၇ ရက်တွင်ရောက်ရှိခဲ့ပြီး ခိုင်သိန်းဦးအား ဒီဇင်ဘာ ၈ ရက်တွင် ရန်ကုန်-မြ၀တီ-လှိုင်းဘွဲ့မှတစ်ဆင့် လော်ခီးလာသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ လော်ခီးလာရှိ ရခိုင်အဖွဲ့ထံမှ အဆိုပါ လက်နက်ခဲယမ်းများအား ယူဆောင်ပြီး ရခိုင်ပြည်နယ်သို့ပို့ဆောင်ရန် ထွက်ခွာလာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီးရမိသူများအား ဘားအံမြို့နယ် ရဲစခန်းတွင်ထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ဘားအံမြို့အ၀င်ဂိတ်၌ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ ဘားအံမြို့အ၀င်ဂိတ်၌ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:08 Rating: 5
Powered by Blogger.