အမျိုးသမီးသုံးဦး ရေနစ်သေဆုံးမှု


အမျိုးသမီးသုံးဦး ရေနစ်သေဆုံးမှု စစ်ကိုင်းမြို့နယ် အုန္နဲပင်ကျေးရွာ အရှေ့ဖက်ကျေးရွာေ သာက်သုံးရေကန်တွင် ရေခတ်လာစဉ်ဖြစ်ပွား
ကျေးရွာသောက်သုံးရေကန်သို့နွားလှည်းဖြင့် အမျိုးသမီးသုံးဦး ရေသွားခတ်စဉ် ကန်ဘောင်ပေါ်နွားလှည်းရပ်ထားကာ ၅နှစ်အရွယ်သမီးဖြစ်သူကို နွားလှည်းပေါ်တင်ထားခဲ့ပြီး သောက်ရေခတ်နေစဉ် နွားလန့်ပြီး ရေကန်အတွင်း ဆင်းပြေးရာ ကလေးငယ်မှာနွားလှည်းနှင့်အတူ ပါသွားသောကြောင့် မိခင်နှင့်အဒေါ်တို့က ဆင်းဆယ်ရာ ရေနစ်၍ သုံးဦးစလုံးသေဆုံးမှု ဒီဇင်ဘာလ ၃ရက် နံနက်၉နာရီခန့်က စစ်ကိုင်းမြို့နယ် အုန္နဲပင်ကျေးရွာသောက်သုံးရေကန်တွင် ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

စစ်ကိုင်းမြို့နယ် အုန္နဲပင်ကျေးရွာ အရှေ့ဖက်ကျေးရွာ သုံးသောက်သုံးရေကန်တွင် အမျိုးသမီးသုံးဦး ရေနစ်သေဆုံးကြောင်း သတင်းအရ ဆားတောင်နယ်မြေရဲစခန်းမှ ရဲအုပ်စိုးဝင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ ရာသေဆုံးသူမှာအုန္နဲပင်ကျေးရွာနေအသက်၂၅နှစ်အရွယ် မခင်သက်ဝါ၊ အသက်၁၈နှစ်အရွယ် မဇင်မာဝင်းနှင့် မခင်သက်ဝါ၏သမီးဖြစ်သူ ၅နှစ်အရွယ် မဆုရတီဦးတို့ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သုံးဦးသည်ကျေးရွာသောက်သုံးရေကန်သို့နွားလှည်းဖြင့်ရေသွားခတ်စဉ်ကန်ဘောင်ပေါ်တွင်နွားလှည်းရပ်ထားကာ၅နှစ်သမီးမဆုရတီဦးကိုနွားလှည်းပေါ်တင်ထားပြီးသောက်ရေခတ်နေစဉ်နွားမှာလန့်၍ရေကန်အတွင်းဆင်းပြေးရာ၅နှစ်သမီးမှာနွား လှည်းနှင့်အတူပါသွားသဖြင့်မခင်သက်ဝါနှင့်ညီမဖြစ်သူမဇင်မာဝင်းတို့ညီအစ်မနှစ်ဦးကရေကန်ထဲသို့ဆင်းဆယ်ယူနေစဉ်၅နှစ်သမီးနှင့်အတူ ရေနစ်သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ပြင်ပဒါဏ်ရာမတွေ့ရှိဘဲ ရေနစ်သေဆုံးသည့် လက္ခဏာဖြင့် သေဆုံးနေသည်ကိုတွေ့ရ၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးပေးပါရန် ဒီဇင်ဘာလ၃ရက်နေ့ ၁၁နာရီ၄၅မိနစ်က ရဲအုပ်စိုးဝင်းမှ တရားလိုအမှုစစ်ပြုလုပ်၍ ဆား တောင်နယ်မြေ ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၆)ဖြင့် အမှုရေးဖွင့်ကာ စုံစမ်းစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းထွန်း မုံရွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အမျိုးသမီးသုံးဦး ရေနစ်သေဆုံးမှု အမျိုးသမီးသုံးဦး ရေနစ်သေဆုံးမှု Reviewed by THITHTOOLWIN on 01:20 Rating: 5
Powered by Blogger.