သမီးရည်းစားချိန်းတွေ့နေစဉ် လူငယ်(၄)ဦးရောက်ရှိလာကာ ဓါးမြှောင်ဖြင့်ထိုး ဓါးဖြင့်ခုတ်ပြီး ပစ္စည်းများ လုယူမှုဖြစ်ပွား


မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဂျပန်တံတားလမ်းပေါ်ရှိ ကားအမောင်းသင်သည့် လယ်ကွင်းတွင်
ဒီဇင်ဘာလ(၅)ရက်နေ့ ည(၈)နာရီခွဲအချိန်က သမီးရည်းစားချိန်းတွေ့နေစဉ်လူငယ်(၄)ဦးရောက်ရှိလာကာဓါးမြှောင်ဖြင့်ထိုး၊ဓါးဖြင့်ခုတ်ပြီးပစ္စည်းများလုယူမှူဖြစ်ပွားခဲ့ကြောင်းကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

သမီးရည်းစားဖြစ်ကြသောမောင်ဆွန်နုံနော်(၁၆)နှစ်နှင့် မအစင်(ခ)ခေါန်စင်(၂၂)နှစ်တို့ကလစ်ဆိုင်ကယ်ဖြင့်အခင်းဖြစ်နေရာသို့လာရောက်ချိန်းတွေ့နေစဉ်လူငယ်(၄)ဦးမှဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာကာ စကားပြောဆိုခြင်းမရှိဘဲ ထိုလေးဦးမှ တစ်ဦးမှာ အသင့်ယူဆောင်လာသော ဓါးမြှောင်ဖြင့် မောင်ဆွတ်နုံနော်အား ထိုးရာ မောင်ဆွတ်နုံနော်မှ ဓါးမြှောင်အား ဖမ်းဆုပ်ကိုင်၍ "ဘာမှမလုပ်နဲ့၊ဆိုင်ကယ်ယူရင်လည်းယူသွားကြ"
ဟုတောင်းပန်ပြောဆိုခဲ့သည်။

ထိုသို့တောင်းပန်ပြောဆိုနေသော်လည်းဓါးမြှောင်ဖြင့်ထိုးသောသူမှ"ဓါးနဲ့ခုတ်ကွာ"ဟုပြောဆိုသောကြောင့်ကျန်တစ်ဦးမှာဓါးရှည်ဖြင့်ဝင်ရောက်ခုတ်ခဲ့ကြောင်းသိရသည်။အဆိုပါလေးဦးမှတစ်ဦးမှာမောင်ဆွတ်နုံနော်အားဖမ်းချုပ်ထားပြီးကျန်တစ်ဦးမှာဆိုင်ကယ်ပေါ်တွင်ထိုင်နေကြောင်းသိရသည်။

မောင်ဆွတ်နုံနော်မှ ရှောင်တိမ်းရုန်းထွက်နေစဉ် မအစင်အားထွက်ပြေးရန်ပြောဆို ပြီးနောက် ၎င်း၏ကလစ်ဆိုင်ကယ်အား ထားခဲ့ပြီး ထွက်ပြေးကာ ရဲစခန်းသို့ သွားရောက် အကူအညီတောင်းခဲ့သည်။

ထို့နောက်ရဲတပ်ဖွဲ့ဝင်များနှင့်အတူအခင်းဖြစ်ရာသို့ သွားရောက်ရာ ကလစ်ဆိုင်ကယ်နှင့် oppo အမျိုးစားပန်းရောင်ဟန်းဖုံးတို့ ပျောက်ဆုံးနေကြောင်းတွေ့ရသည်။

ဓါးမြှောင်ဖြင့်ထိုး၊ဓါးဖြင့်ခုတ်ခံရသောကြောင့်မောင်ဆွတ်နုံနော်တွင်ဝဲမေးရိုးလက်မဝက်ခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ယာဘက်လက်ဖဝါးတစ်လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်၊မအစင်(ခ)ခေါန်စင်တွင် နဖူးထိပ်တစ်လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့သည်။

ထိုကြောင့် ဓါးမြှောင်ဖြင့်ထိုး၊ဓါးဖြင့်ခုတ်သည့်အပြင် ကျန်ရစ်ခဲ့သော ကလစ်ဆိုင်ကယ်နှင့်ဖုံးကို ယူဆောင်သွားသောလူငယ်(၄)ဦးအားဥပဒေအရအရေးယူပေးရန်မောင်ဆွတ်နုံနော်မှတရားလိုပြု၍တိုင်တန်း ထားကြောင်း သိရသည်။

ပုံ /အခင်းဖြစ်နေရာ
The Kachin Times
https://www.facebook.com/KachinTimes.kcn
သမီးရည်းစားချိန်းတွေ့နေစဉ် လူငယ်(၄)ဦးရောက်ရှိလာကာ ဓါးမြှောင်ဖြင့်ထိုး ဓါးဖြင့်ခုတ်ပြီး ပစ္စည်းများ လုယူမှုဖြစ်ပွား  သမီးရည်းစားချိန်းတွေ့နေစဉ် လူငယ်(၄)ဦးရောက်ရှိလာကာ ဓါးမြှောင်ဖြင့်ထိုး ဓါးဖြင့်ခုတ်ပြီး ပစ္စည်းများ လုယူမှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:14 Rating: 5
Powered by Blogger.