မုံးကိုးမြို့အတွင်း လက်နက်များနှင့် ခဲယမ်းများ သိမ်းဆည်းရမိ

မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်၊ လက်နက်များနှင့် ခဲယမ်းများ သိမ်းဆည်းရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့သို့ ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကူ ရောက်ရှိခဲ့သည့် တပ်မတော် စစ်ကြောင်း များသည် မုံးကိုးမြို့လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုရှိစေရန်၊ အများ ပြည်သူ များ အေးချမ်းတည်ငြိမ်စွာ ပြန်လည်နေထိုင်နိုင်စေရန်အတွက် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မုံးကိုးမြို့ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ် တစ်လုံးအား ၀င်ရောက်ရှင်း လင်းစဉ် နေအိမ်အတွင်းမှ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာ ထွက် ပြေးရာမှ ကျန်ရစ်ခဲ့သည့် RPG ၁ လက်၊ အမ် ၂၂ သေနတ် ၃ လက်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ၆ လုံးနှင့် မိုင်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်စစ်ကြောင်းများ မုံးကိုးမြို့သို့ စစ်ကူရောက်ရှိခဲ့ပြီးနောက် မြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့ရာတွင် ဒီဇင်ဘာ ၄ ရက်မှ ယနေ့အထိ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၃၀၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ၆ လုံး၊ မိုင်း ၁ လုံးနှင့် အလောင်းတချို့ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

Ref; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
မုံးကိုးမြို့အတွင်း လက်နက်များနှင့် ခဲယမ်းများ သိမ်းဆည်းရမိ  မုံးကိုးမြို့အတွင်း လက်နက်များနှင့် ခဲယမ်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.