သီပေါမြို့ နမ့်ပေါ့ချောင်းတံတားအနီးတွင် မိုင်း တစ်လုံးပေါက်ကွဲ


သီပေါ၊ ဒီဇင်ဘာ ၃။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့မြောက်ဘက်၊ ဈေးရပ်ကွက်၊ နယ်မြေ ၁ ၊သီပေါ- နမ္မတူကားလမ်းပေါ်ရှိ နမ့်ပေါ့ချောင်း တံတား အရှေ့ဘက် ပေ ၅၀ ခန့်အကွာတွင် ဒီဇင်ဘာလ ၂ ရက်နေ့ ည ၉း၃၀ အချိန်ခန့်က မိုင်းတစ်လုံးပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း နှင့် မပေါက်ကွဲဘဲကျန်နေသည့် မိုင်း တစ်လုံးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်း သီပေါမြို့မ ရဲစခန်းမှ ဒုရဲမှူးမြင့်ကျော်က ဒီဇင်ဘာလ ( ၃ရက် ) မနက် ၀၀း ၄၅ တွင် AHNသို့အတည်ပြုပြောသည်။


" ၉း၃၀ မှာ မိုင်းတစ်လုံးကွဲတယ်၊ လူ ၊ ပစ္စည်း ထိခိုက်တာမရှိပါဘူးခင်ဗျ။ တံတားလည်း မပျက်စီးပါဘူးခင်ဗျ။ဒီဇင်ဘာ၂ ရက် ည ၁၂း ၃၀ လောက်မှာတော့ မပေါက်ကွဲ သေးတဲ့မိုင်းတစ်လုံးကို ဖျက်စီး လိုက်နိုင်ပါတယ်။ မိုင်း တွေ မရှိတော့ပါဘူး၊ အားလုံးရှင်းလင်းပြီးသွားပါပြီခင်ဗျ " ဟု ဒုရဲမှူးမြင့်ကျော်ကပြောသည်။


မပေါက်ကွဲဘဲကျန်နေသည့်မိုင်းမှာ ရှေ့ထွက် မိုင်း ဟု သိရကြောင်း ၊ အဆိုပါ မိုင်းကို သေနတ် ၂၉ ချက် ပစ်၍ ဖျက်စီးခဲ့ရခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိသတင်းရယူခဲ့သည့် AHN သတင်းထောက် က ယနေ့(ဒီဇင်ဘာ ၃ ရက်) နံနက် ၁း၀၅ တွင် သတင်းပေးပို့သည်။

" ၁၁း ၃၀ လောက်မှာ မိုင်းကို သဲအိတ်တွေနဲ့ကာပြီး သေနတ်နဲ့ ၁၅ ချက်ပစ်ပြီးဖျက်စီးတယ်။ မရလို့ ၁၂ နာရီလောက်မှာ နောက်ထပ် သေနတ်နဲ့ ၁၄ ချက်ပစ်ပြီးဖျက်စီးတယ်။ အဲဒီကြာမှ ပျက်စီးသွားတယ်။ ပေါက်ကွဲသွားတာ မျိုးမဟုတ်ဘူး။ ဖျက်စီးပစ်လိုက်နိုင်တာ။ မိုင်းထဲ က နေ ခဲသီး အလုံး ၁၂၀၀ လောက်တွေ့တယ်၊ မိုင်းက ရှေ့ထွက် မိုင်း အမျိုး အစားဖြစ်တယ်လို့ မိုင်းရှင်းလင်းရေးမှာပါတဲ့ တပ်မတော်အရာရှိတစ်ဦးက ကျွန်တော့်ကိုပြောပါတယ်ခင်ဗျ " ဟု AHN သတင်းထောက်ကပြောသည်။

သွင် ( သီပေါ)

PHOTO - AHN ( ဖျက်စီးလိုက်နိုင်သည့်မိုင်း ကိုမြင်တွေ့ရစဉ်)
The Asia Heart News
သီပေါမြို့ နမ့်ပေါ့ချောင်းတံတားအနီးတွင် မိုင်း တစ်လုံးပေါက်ကွဲ   သီပေါမြို့ နမ့်ပေါ့ချောင်းတံတားအနီးတွင် မိုင်း တစ်လုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.