မြို့ကြီးနှစ်သစ်ကူးပွဲတွေမှာ လုံခြုံရေးပိုတင်းကျပ်

နှစ်သစ်ကူးပွဲ လုံခြုံရေးအတွက် ဗြိတိန်၊ ဂျာမဏီ၊ ဘယ်လဂျီယံနဲ့ သြစတြေးလျက မြို့တော်တွေမှာ ရဲအရာရှိအရေအတွက် ထောင်နဲ့ ချီပြီး တိုးချ
လန်ဒန်၊ ဘာလင်၊ ဘရပ်ဆဲနဲ့ ဆစ်ဒနီမြို့ နှစ်သစ်ကူး ကြိုဆိုပွဲတွေမှာ လုံခြုံရေးတွေ တိုးချထားပြီး ကားနဲ့ ဝင်တိုက်ပြီး အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့အတွက် အရံအတား ချထားမှုတွေ ပြုလုပ်နေပါတယ်။

ဂျာမဏီနိုင်ငံ ဘာလင်မြို့နဲ့ ပြင်သစ်က နိစ်မြို့တွေမှာ လူစည်ကားရာ နေရာတွေကို ကားနဲ့ ဝင်ရောက် တိုးဝင်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ဖူးတဲ့အတွက် အခုလို အစီအမံတွေ ချထားရတာလည်း ဖြစ်ပါတယ်။

နှစ်သစ်ကူးပွဲ လုံခြုံရေးအတွက် ဗြိတိန်၊ ဂျာမဏီ၊ ဘယ်လဂျီယံနဲ့ သြစတြေးလျက မြို့တော်တွေမှာ ရဲအရာရှိအရေအတွက်ကိုလည်း ထောင်နဲ့ ချီပြီး တိုးချထားပါတယ်။

အထူးသဖြင့် ပါရီ၊ မက်ဒရစ်နဲ့ နယူးယောက်မြို့တွေက မြို့လယ်ရင်ပြင် နှစ်သစ်ကူးပွဲတွေကို ကုန်ကားလို ကားကြီးတွေ မဝင်နိုင်အောင် ပိတ်ဆို့ထားမှုတွေလည်း ပြုလုပ်ထားပါတယ်။

နယူးယောက်နဲ့ ဘရပ်ဆဲလ်မြို့အပါအဝင် တချို့မြို့ကြီးတွေမှာဆိုရင် နှစ်သစ်ကူး မီးရှူးမီးပန်း ဖောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းမှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြို့ကြီးနှစ်သစ်ကူးပွဲတွေမှာ လုံခြုံရေးပိုတင်းကျပ် မြို့ကြီးနှစ်သစ်ကူးပွဲတွေမှာ လုံခြုံရေးပိုတင်းကျပ် Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.