မြန်မာ့ပင်လယ်ပြင်အတွင်း စက်ပျက် မျောပါနေသည့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး စက်တပ် ရွက်လှေတစ်စင်းအား ရေတပ်က ကယ်တင်နိုင်ခဲ့

မြန်မာ့ပင်လယ်ပြင်အတွင်း စက်ပျက် မျောပါနေသည့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး စက်တပ် ရွက်လှေတစ်စင်းအား ရေတပ်က ကယ်တင်နိုင်ခဲ့

ကမ္ဘာလှည့် ခရီးသည်များ အပါအဝင် စုစုပေါင်း ၁၇ ဦး စီးနင်း လိုက်ပါလာသည့် အပျော်စီး စက်တပ်ရွက်လှေ တစ်စင်း ပင်လယ်ထဲတွင် စက်ပျက်၍ ဒီဇင်ဘာလ (၆)ရက်နေ့ ကတည်းက မျောပါနေခဲ့ရာ ဒီဇင်ဘာလ (၉)ရက်နေ့တွင် ရေတပ် စစ်ရေယာဉ် တစ်စီးက အားလုံး ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလှေတွင် တရုတ်နိုင်ငံသားကိုးဦး၊ ထိုင်းနိုင်ငံသား သုံးဦး၊ ဗြိတိန်နိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသားသုံးဦး လိုက်ပါ လာပြီး ယခုလ ၅ ရက် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့မှ မြိတ်ကျွန်းစုများ အတွင်း သွားရောက် စဉ် ထိုသို့ စက်ပျက်မျောပါ နေခြင်း ဖြစ်ကြောင်း သိရသည်။


မြန်မာ့တပ်မတော်(ေ၇) မှ ခ၇ီးသည် ၁၁ ဉီး ၊ crew ၅ ဉီး၊ guide တစ်ဉီးပါဝင်သော စက်တပ် ၇ွက်လှေ တစ်စီး စက်ချို့ ယွင်း ပြီး ပင်လယ်ထဲမျောပါနေခြင်းကို ကယ်တင်ပြီး 9.12.2016 နေ့မှာ ကော့သောင်း ဆိပ်ကမ်းသို့ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

 ဒီလူ ၁၇ ဉီးကို ကယ်တင်နိုင်ဖို့ ဟိုတယ်/ခ၇ီး ဌာန ကို အဓိက ပံ့ပိုးပေးခဲ့တာကတော့ ကော့သောင်း ခရိုင်ထွေ/အုပ်၊ မြန်မာနိုင်ငံေ၇ကြောင်း ၇ဲတပ်ဖွဲ့(ကော့သောင်း) နဲ့ ဆက်စပ်ဌာနဆိုင်၇ာများ၊ အဓိက သွားေ၇ာက်ကယ်တင် ခဲ့တာကတော့ တပ်မတော်(ေ၇)တို့ ဖြစ်ပါတယ်။

 စက်တပ်၇ွက်လှေ ဟာ 6.12.2016 နေ့ကတည်းကေ၇နက်ပိုင်းမှာမျောပါခဲ့ပြီး၊ 7.12.2016 နေ့ ညနေပိုင်းမှာေ၇တိမ်ပိုင်းကို ကျောက်ချ ၇ပ်နားနိုင်ပြီး ကော့သောင်းကို သတင်းပေးပို့နိုင်ခဲ့ပါတယ်။
သတင်း ၇ရှိလျှင် ၇ရှိချင်း ဟိုတယ်/ခ၇ီး(ကော့သောင်း)မှ ဒေသတွင်း ဆက်စပ်ဌာန အားလုံးနှင့် ဟိုတယ်/ခ၇ီး ရုံးချုပ်သို့ တင်ပြပြီး ဆက်သွယ် ပူးပေါင်းဆောင်၇ွက်ခဲ့၇ာ 9.12.2016 နေ့မှာ စက်တပ်၇ွပ်လှေ နှင့် လူအပေါင်းကိုကော့သောင်းဆိပ်ကမ်းသို့ ပို့ဆောင်နိုင်ခဲ့ပါတယ်။ေ၇မျောသွားတဲ့ လှေဟာ နောက်ထပ်မိုင် ၃၀ လောက် ဆက်လက်မျောပါခဲ့၇င် ကမ္ဘာ့ေ၇ကြောင်းထဲေ၇ာက်သွားမှာ ဖြစ်တဲ့အတွက် လှေပါ လူအားလုံး၇ဲ့ ကံကြမ္မာဟာ မတွေးဝံ့ စ၇ာပါ။

သွားေ၇ာက် ကယ်တင်ခဲ့တဲ့ တပ်မတော် (ေ၇)မှေ၇ယာဉ်ပေါ်ပါ CO နှင့်တကွ အ၇ာရှိ၊ အကြပ်စစ်သည် အားလုံး ဟာ ၃၆ နာ၇ီ ဆက်တိုက် မအိပ်ဘဲ အလုပ်လုပ်ခဲ့ ၇တယ်လို့သိခဲ့၇ပါတယ်။ ဒါပေမဲ့ ခ၇ီးသည် တွေကို ကော့သောင်းကို ပြန်ပို့တဲ့အချိန်မှာ ကျွန်တော်တို့ ကယ်ခွင့်၇လို့ ကယ်၇တာ၊ အ၇မ်းဝမ်းသာ ဂုဏ်ယူမိပါတယ်လို့ CO မှပြောကြားသွားခဲ့ပါတယ်။ ဟု ကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်သူ တစ်ဦးမှ ၄င်း၏ FB တွင် ရေးသားထားသည်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
Photo credit: Ashia Tiger
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news
မြန်မာ့ပင်လယ်ပြင်အတွင်း စက်ပျက် မျောပါနေသည့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး စက်တပ် ရွက်လှေတစ်စင်းအား ရေတပ်က ကယ်တင်နိုင်ခဲ့  မြန်မာ့ပင်လယ်ပြင်အတွင်း စက်ပျက် မျောပါနေသည့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး စက်တပ် ရွက်လှေတစ်စင်းအား ရေတပ်က ကယ်တင်နိုင်ခဲ့ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.