တပ်မတော်စစ်ကြောင်းကို ဓာတ်ပုံရိုက်သူအား သေနတ်နဲ့ ပစ်ခတ်စဉ် ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ထိမှန်

နယ်မြေလုံခြုံရေးလုပ်ငန်းများပုံမှန်ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား ဓာတ်ပုံရိုက်ယူပြီး မော်တော်ဆိုင် ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသူမသင်္ကာဖွယ်အမျိုးသားတစ်ဦးကို တပ်မတော်စစ်ကြောင်းက ခြောက်လှန့်ပစ်ခတ်
နေပြည်တော် ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို မော်တော်ယာဉ်များဖြင့် ပုံမှန် ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် ဒီဇင်ဘာ ၂၀ရက် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် တိန် ကောက်ကျေးရွာ၏အရှေ့ဘက် ရွာအ၀င်သို့ရောက်ရှိစဉ် မသင်္ကာဖွယ်အမျိုးသားတစ်ဦးက လုံခြုံရေး မော်တော်ယာဉ်တန်းအား ဓာတ်ပုံရိုက်ယူနေသဖြင့် တပ်မတော်စစ်ကြောင်းမှ စစ်သည်တစ်ဦးက ဓာတ်ပုံရိုက်ကူးခြင်းမပြုရန်နှင့် ရိုက်ယူထားသည့်ဓာတ်ပုံများအား ပြန်ပေးရန်ပြောကြားခဲ့သော်လည်း အဆိုပါ အမျိုးသားသည် ပြန်လည်အကြောင်းပြန်ကြားခြင်းမပြုဘဲ ရုတ်တရက်မော်တော်ဆိုင်ကယ်အား အပြင်း မောင်းနှင်ထွက်ပြေး သွားသဖြင့် ဆိုင်ကယ်ဘီးကိုသေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ခဲ့ရသည်။

ဖြစ်စဉ်တွင် စစ်သည်ခြောက်လှန့်ပစ်ခတ်လိုက်သည့် ကျည်ဆန်သည် မော်တော်ဆိုင်ကယ်ဘီးအား ထိမှန်ခြင်း မရှိဘဲ ကျေးရွာအ၀င်လမ်းဘေးရှိ ကေဘယ်လ်လိုင်းဆောက်လုပ်ရေးခွင်၊ ယာယီတဲ၌ ထမင်းချက်နေသည့် မခိုင်ချို အားထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဒဏ်ရာရရှိခဲ့သည့်မခိုင်ချိုအား တပ်မတော်စစ်ကြောင်းက အားပေးကူညီထောက်ပံ့မှုများပြုလုပ်ပေးပြီး တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မသင်္ကာဖွယ် အမျိုးသား အား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ပစ်ခတ်သည့်စစ်သည်အား ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
တပ်မတော်စစ်ကြောင်းကို ဓာတ်ပုံရိုက်သူအား သေနတ်နဲ့ ပစ်ခတ်စဉ် ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ထိမှန်  တပ်မတော်စစ်ကြောင်းကို ဓာတ်ပုံရိုက်သူအား သေနတ်နဲ့ ပစ်ခတ်စဉ် ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ထိမှန် Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.