တာချီလိတ်၌ ငါးနှစ်အရွယ်မိန်းကလေးငယ်အား လိင်းပိုင်ဆိုင်ရာ ကျုးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူကို ဖမ်းဆီးရမိ

တာချီလိတ်၌ ငါးနှစ်အရွယ်မိန်းကလေးငယ်အား လိင်းပိုင်ဆိုင်ရာ ကျုးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူကို၂၄ နာရီအတွင်း ဖမ်းဆီးရမိ

တာချီလိတ် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁) ၌ ဒီဇင်ဘာ ၅ ရက်နေ့ ညနေပိုင်း မိဘအုပ်ထိန်းမှုအောက်ရှိသော အသက် မပြည့်သေး သည့် ငါးနှစ်အရွယ်ရှိ မိန်းကလေးငယ်အား သွေးဆောင်ဖြားယောင်းပြီး ဓမ္မတာနှင့် ဆန့်ကျင်ကာ လိင်းပိုင်ဆိုင်ရာ ကျုးလွန်ပြီး ထွက်ပြေးသူကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိ ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

အမှုမှာ ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီခွဲက ဒေါ်------သည် အလိုတော်ပြည့်ဘုန်းကြီးကျောင်းသို့ ဝေယျာဝေစ္စ လုပ်ကိုင်ပေးရန်အတွက် နေအိမ်အားပိတ်နေစဉ် နေအိမ်ပြင်ပတွင် ရှိနေသော သမီးငယ်မ--------(၅ နှစ်)မှာ နေအိမ်တွင် မတွေ့ရဘဲ ပျောက်ဆုံးနေသဖြင့် သမီးအလတ်နှင့်အတူ လိုက်လံရှာဖွေရာ မ-----အား ညနေ ၅ နာရီ တွင် မျက်နှာချင်းဆိုင်နေထိုင်သော မြင့်ဌေး (၄၅ နှစ်)၏ခြံဝန်း အတွင်းမှ သမီးငယ်ဖြစ်သူမှာ ထိုင်းဘတ်ငွေ ၂၀ တန် တစ်ရွက်ကိုင်ဆောင်၍ ထွက်လာသည်ကို တွေ့ရသဖြင့် နေအိမ်သို့ ခေါ်ယူမေးမြန်းခဲ့ရာ သမီးဖြစ်သူသည် နေအိမ်ရှေ့လမ်းမပေါ်တွင်ရှိနေစဉ် မျက်နှာချင်းဆိုင်နေအိမ်တွင် နေထိုင်သော မြင့်ဌေးမှ လက်ယက်ခေါ်သဖြင့် သွားရောက် ခဲ့ရာ နေအိမ်အတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ နေအိမ်အပေါ်ထပ်တွင် မ----အား ထိုင်းဘတ်ငွေ ၂၀ တန်တစ်ရွက်အား မုန့်ဖိုးပေးတာဟု ပြောပြီး လိင်ပိုင်ဆိုင်ရာ စော်ကားခဲ့မှုဖြင့် မိခင်ဖြစ်သူက တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခြင်း ဖြစ်သည်။
'' အမာခံ သတင်းပေးတွေနဲ့ စုံစမ်းတော့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ 1G1 ဟိုတယ်၊ အနောက်ဖက်ရှိ နှစ်နိုင်ငံပိုင်မယ်ဆိုင်ချောင်း မှ တစ်ဖက်နိုင်ငံ မယ်ဆိုင်မြို့ကို ရှောင် တိမ်းသွားတယ်၊ သူပြန်လာမည့် ဝင်ပေါက် ထွက်ပေါက်တွေကို နယ်ထိန်းနဲ့ စခန်းကတပ်ဖွဲ့ဝင်တွေကို စောင့်ကြည့်ရင်း 1G1 ဟိုတယ်ရှေ့က လမ်းမကြီးပေါ်မှာ ဒီဇင်ဘာ ၆ ရက် နေ့ ညနေ ၄ နာရီခွဲက ဖမ်းမိတာ'' ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

အမှုမှ မိဘအုပ်ထိန်းမှုအောက်သော အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား သွေးဆောင်ဖြားယာင်းပြီး ဓမ္မတာနှင့်ဆန့်ကျင်ကာ လိင်ပိုင်ဆိုင်ရာ စော်ကားသူ မြင့်ဌေး (၄၅ နှစ်)၊ အိမ်အမှတ်(မ/၁၆၉) အလိုတော်ပြည့်ဘုန်းကြီးကျောင်းလမ်း၊ ပါလျှံ(၁)၊ ရန်အောင်မြေရပ်ကွက်နေသူအား တာချီလိတ်မြို့မရဲ စခန်းက (ပ)၂၃၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၇ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ် တာချီလိတ်
https://www.facebook.com/mjin.mou.1
တာချီလိတ်၌ ငါးနှစ်အရွယ်မိန်းကလေးငယ်အား လိင်းပိုင်ဆိုင်ရာ ကျုးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူကို ဖမ်းဆီးရမိ  တာချီလိတ်၌ ငါးနှစ်အရွယ်မိန်းကလေးငယ်အား လိင်းပိုင်ဆိုင်ရာ ကျုးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.