ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် ရန်ကုန် - မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်၁၂၈/၅ နှင့် ၁၂၈/၆အကြား၌ ဒီဇင်ဘာ၂၀ရက် ညနေ ၅နာရီခွဲက ယာဉ်သုံးစီး ဆင့်တိုက်မှုကြောင့် ဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ကျော်ထွေး ၄၁နှစ်(ဘ)ဦးယုံ ခြံကြီးမြိုင်ရပ်ကွက် ဖြူးမြို့နယ် နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် ၉ဌ/၂၁၈၂၄ ဖောအပြာရောင် ၆ဘီးယာဉ်သည် ရှေ့၌ရပ်ထားသော လော့ဂျာ ၁၁၀ အနက်ရောင်ဆိုင်ကယ်ပေါ်တွင် မြင့်အောင်၃၀နှစ်(ဘ) ဦးမိုး သံမဏိရပ်ကွက် တောကျွဲအင်းမြို့နေသူနှင့်၎င်း၏ ရှေ့မှယာဉ်မောင်း စောစတီဗင် ၄၃နှစ် (ဘ) ဦးအောင်မြင့် ၉ရပ်ကွက် တောင်ငူမြို့နေသူ၏ ယာဉ်အမှတ်7H/9515 နံသာရောင် HINO ၆ ဘီးခရီးသည် တင်ယာဉ်တင်ယာဉ်တို့အား အရှိန်မထိန်းနိုင်ဘဲနောက်မှ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။
ဆိုင်ကယ်မောင်း မြင့်အောင်မှာ ဝဲနား နှာခေါင်းတို့တွင် သွေးထွက်ဒဏ်ရာများဖြင့် နေရာတွင်သေဆုံးခဲ့ပြီး HINO ၆ဘီးခရီးသည်တင်ယာဉ်မှာလည်း နောက်ဝဲဘက်ခြမ်း ပိန်ချိုင့်ပျက်စီး၍ ဆိုင်
ကယ်မှာလည်း ကြေမွပျက်စီးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းနယ်မြေရဲစခန်းမှ စခန်းမှုးရဲအုပ်
သောင်းထွေးမှ စစ်ဆေးဆောင်ရွက်၍ ယာဉ်အား မောင်းနှင်သူ ယာဉ်မောင်းကျော်ထွေးအား ယာဉ်(ပ)၁၃/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၄-က အရအမူဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)
ကျောက်တံခါးမြို့နယ် ရှုထောင့်မီဒီယာအဖွဲ့ 
တောကျွဲအင်း အနီး ယာဉ် ၃ စီး ဆင့်တိုက် တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
18:18
Rating:
