မောင်တောမြို့နယ်က ကျောင်း ဆရာမတွေကို ပြောင်းရွှေ့

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ကြိမ်ချောင်းကျေးရွာမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်းကို တွေ့ရစဉ်။ Photo:Min Thein Aung/RFA
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ တာဝန်ထမ်းဆောင်နေ တဲ့ ဒေသခံမဟုတ်တဲ့ မူလတန်းပြဆရာမ ၁၈၀ ကျော်ကို သူတို့ရဲ့ ဇာတိမြို့ရွာတွေကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။

လာမယ့် ဇန်န၀ါရီလကစပြီး ပြောင်းရွှေ့ရမှာဖြစ်တယ်လို့ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင် က ပြောပါတယ်။

"ပြောင်းရွှေ့ခွင့်အမိန့်တွေ ထွက်ပြီးပြီ၊ ဇန်န၀ါရီလက စပြီးတော့ ပြောင်းလို့ရပါပြီ၊ အခုပြောင်းတာက မူလတန်းပြ ဆရာမတွေကိုပဲပြောင်းတာ၊ ၁၈၀ ကျော်လောက်ရှိတယ်၊ ဇာတိနေရာမှာ ရချင်ရင်လည်း ရမယ်၊ နေရာလပ်ရင်တော့ ပေးမှာ၊ နေရာမလပ်ရင်တော့ အဲဒီဒေသနဲ့ အနီးဆုံးစပ်ဆုံး ကျောင်းတွေ ကို ပြောင်းရွှေ့ပေးနေပါတယ်"

တစ်ခြားဒေသတွေကနေ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းတွေမှာ လာရောက် တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြဆရာမတွေကို လုံခြုံရေးအခြေအနေအရ မပြောင်းမနေရ ပြောင်းရွှေ့ဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

အဲဒီလစ်လပ်သွားတဲ့နေရာတွေမှာ အသက် ၃၅ နှစ်အောက် အမျိုးသားဆရာတွေကို အစားထိုးခန့်အပ်သွား မှာဖြစ်ပြီး အဲဒီဆရာတွေကို နေ့စားလပေးအနေနဲ့ ခန့်အပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်မှာ မူလတန်းနဲ့ အထက်တန်းကျောင်းပေါင်း ၁၈၀ ကျော်နဲ့ ဆရာ/ဆရာမ ၁၄၀၀ ကျော်ရှိပြီး အဲဒီထဲက ၃ ပုံ ၂ ပုံလောက်က ဆရာမတွေ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ၀န်ထမ်းတွေ ကို အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၃ လအတွက် လစာ ၂ ဆ ခံစားခွင့်ပေးထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မောင်တောမြို့နယ်က ကျောင်း ဆရာမတွေကို ပြောင်းရွှေ့ မောင်တောမြို့နယ်က ကျောင်း ဆရာမတွေကို ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.