နေပြည်တော်၊ ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောကွေ့(အနောက်)ကျေးရွာတစ်ဝိုက်တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင်မသင်္ကာဖွယ် ဟာမီဒူဆောင်း(ဘ) အဘူဘော်ဆီဒီ၊ ဂျာမာဟူဆောင်း(ဘ) အဘူကော်ဆီဒီ နှင့် အဘူကာဆင်း(ဘ) အဘူတော်ဆီဒီတို့ကို Hello အမျိုးအစား ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မသင်္ကာဖွယ်သုံးဦးသည် သ၀န်ချောင်းကျေးရွာနေ ဟာဘီရာမာန်(ဘ) ဘော်ရီရာမန်အား ဒီဇင်ဘာ ၁၃ ရက်က ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများဖြစ်ကြောင်း သတင်းအရ ဖမ်းဆီးခြင်း ဖြစ်ပြီး အမှုမှန်ပေါ်ပေါက်နိုင်ရေးနှင့် တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် အင်းဒင်နယ်မြေ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
မောင်တောမြို့နယ်အတွင်း မသင်္ကာသူသုံးဦး ထပ်မံဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
10:08
Rating:
