ကိုင်ရိုဗုံးပေါက်ကွဲမှု လုံခြုံရေး တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံး


ကိုင်ရို ဒီဇင်ဘာ ၉

ကိုင်ရိုမြို့ ပိရမစ်များသို့ သွားရာလမ်းပေါ် ရှိ စစ်ဆေးရေးဂိတ် တစ်ခုတွင် သောကြာ နေ့က ဗုံးတစ်လုံး ပေါက်ကွဲသွားသော ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အနည်းဆုံး ခြောက်ဦးသေဆုံးခဲ့ကြောင်း မီနာ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် အရာရှိ နှစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်လေးဦး သေဆုံး ခဲ့ပြီး နောက်ထပ်လုံခြုံရေး တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ်များ၏ ဖော်ပြ ချက်ကို ကိုးကား၍ မီနာသတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။

မည်သူမည်ဝါက အယ်လ်ဟာရမ် လမ်းရှိ ဘာသာရေးအဆောက်အအုံ အနီး လုံခြုံရေးဂိတ်ကို ဗုံးဖောက်ခွဲတိုက် ခိုက်ခဲ့သည်ကို လတ်တလောတွင် မသိရ သေးပေ။

(ရိုက်တာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကိုင်ရိုဗုံးပေါက်ကွဲမှု လုံခြုံရေး တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံး  ကိုင်ရိုဗုံးပေါက်ကွဲမှု လုံခြုံရေး တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.