ဟုမ္မလင်းမြို့နယ် မူလတန်းကျောင်းတစ်​ခုတွင်​ ကျောင်းဆရာမှ သုံးတန်းကျောင်းသူအား မုဒိန်းကျင့်မှုဖြစ်ပွား


မုံရွာ၊ဒီဇင်​ဘာ၅။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊လောင်းမင်းရွာ မူလတန်းကျောင်းတွင် ဒီဇင်​ဘာ ၃ ရက်နေ့က ကျောင်းဆရာတစ်ဦးမှ ဆယ်နှစ်အရွယ် သုံးတန်းကျောင်းသူတစ်ဦးကို အခန်းအတွင်းခေါ်၍ မုဒိန်းကျင့်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ သတင်းရရှိသည်။

ယခုနှစ်တွင် အခြေခံပညာအဆင့် ၌ စာမလိုက် နိုင်သော ကျောင်းသားကျောင်းသူများကို ကျောင်းပိတ်ရက်များတွင် အချိန်​ပို ခေါ်သင်ကြားစေခဲ့ရာ ၄င်းနေ့ကလည်း လောင်းမင်းရွာတွင် စနေနေ့ကျောင်းပိတ်ရက် နံနက် ၉ နာရီတွင် အချိန်ပိုခေါ်သင်​ခဲ့ခြင်း ဖြစ်သည်။

မုဒိန်းကျင့်ခံရသော ကျောင်းသူမှာ နံနက်၁၁ နာရီတွင် အိမ်ပြန်လာရာ မိန်းမကိုယ်တွင် သွေးများထွက်ကျနေ၍ အဒေါ်ဖြစ်သူကမေးမြန်းရာ မြန်မာစာပြ ဆရာတင်မင်းနိုင် (၂၆)နှစ်မှ ကျောင်းသား/ကျောင်းသူများ ပြန်သွားချိန်တွင် ၄င်း၏ အိပ်ခန်းအတွင်းခေါ်ယူကာ သားမယားအဖြစ် တစ်ကြိမ်​ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် အဒေါ်ဖြစ်သူမှ ဟုမ္မလင်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ဟုမ္မလင်းမြို့မရဲစခန်းမှ ရဲတပ်​သားတစ်​ဦးက "ကလေးမရဲ့မိဘတွေက ခန္တီးဘက်မှာအလုပ်သွားလုပ်လို့ အဒေါ်နဲ့ အပ်ထားခဲ့တာ။ ကျောင်းထဲမှာ အခြားကျောင်းဆရာ/ဆရာမတွေလည်း အဲဒီနေ့က သူတို့အခန်းမှာ မရှိကြတုန်း ခေါ်ယူပြီး ပြုကျင့်တာလို့ သိရပါတယ်။ ကျောင်းဆရာကို ဖမ်းထားပြီးပါပြီ" ဟု ပြောသည်။

ပြုကျင့်ခံရသူ ကျောင်းသူသည် ဟုမ္မလင်းဆေးရုံသို့ တင်ပို့​ဆေးကုသခံနေရပြီး ပြုကျင့်စဉ်က အ၀တ်အစားများကို ဓာတုဗေဒရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

၎င်းအမှုကို ဟုမ္မလင်းမြို့မရဲစခန်းတွင် အမှုကြီးအမှတ် ၆/၂၀၁၆ ပုဒ်မ ၃၇၆ ဖြင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
ဟုမ္မလင်းမြို့နယ် မူလတန်းကျောင်းတစ်​ခုတွင်​ ကျောင်းဆရာမှ သုံးတန်းကျောင်းသူအား မုဒိန်းကျင့်မှုဖြစ်ပွား  ဟုမ္မလင်းမြို့နယ် မူလတန်းကျောင်းတစ်​ခုတွင်​ ကျောင်းဆရာမှ သုံးတန်းကျောင်းသူအား မုဒိန်းကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.