ၾသစေၾတးလ် နိုင်ငံ ဂီတ ဖျော်ဖြေပွဲ တစ်ခုတွင် လူအုပ်ပိမှု ဖြစ်ပွားကာ ၈၀ ဦးဒဏ်ရာရရှိ

သြစတြေးလျ နိုင်ငံ ရှိ ပင်လယ်ကမ်းခြေ မြို့လေး Lorne အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
   မဲလ်ဘုန်း ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

    သြစတြေးလျ နိုင်ငံ တောင်ပိုင်းရှိ ဗစ်တိုးရီးယားပြည်နယ် တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ညပိုင်း ကျင်းပသည့် ဂီတ ဖျော်ဖြေပွဲ တစ်ခု တွင် လူအုပ်ပိမှု ဖြစ်ပွားခဲ့ပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအတွင်း မှ ၁၉ ဦးမှာ ဒဏ်ရာရရှိမှု ပြင်းထန်ကြောင်း သြစတြေးလျ ရဲတပ်ဖွဲ့ က ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောကြား ခဲ့သည်။

ဗစ်တိုးရီးယား ပြည်နယ် ရဲဌာန ၏ ထုတ်ပြန်ချက်အရ လူအုပ်ပိမှုသည် ၃၀ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မဲဘ်ဘုန်း မြို့နှင့် ကီလိုမီတာ ၁၄၀ ကွာဝေးသည့် ပင်လယ်ကမ်းခြေ မြို့လေး Lorne တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဖြစ်စဉ်မှာ ဂီတ ပွဲအပြီး တွင် ပြန်လည်ထွက်ခွာ ချိန်၌ အရှေ့ဆုံးတန်းရှိလူများမှ ဟန်ချက်ပျက်၍ လဲကျရာမှ လူအုပ်ကြီးသည် စိုးရိမ်မှုများဖြစ်ပွားပြီး လူအုပ်ပိမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။အခင်းဖြစ်ပွားပြီးနောက်တွင် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၁၉ဦးကို ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာရရှိသူ များ၏ ပျှမ်းမျှအသက် မှာ၂၀ နှစ်ခန့်ဖြစ်ပြီး အမျိုးသမီး ၁၃ ဦး နှင့် အမျိုးသား ၆ ဦးဖြစ်ကြကာ ၄င်းတို့အားလုံးမှာ အသက်အန္တရယ် မစိုးရိမ် ရကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူ တစ်ဦးအား ဒေသတွင်း မီဒီယာ ၏ မေးမြန်းမှု တွင် ၄င်းက အခင်းဖြစ်ပွား စဉ်တွင် မိမိ၏ ခြေထောက်မှာ ဖိထားခံခဲ့ရပြီး လူအုပ်ကြီးအောက်တွင် ၃ မိနစ်ခန့် ပိမိကာ နောက်ဆုံးတွင် မူးမေ့သွားခဲ့ကြောင်း ပြောကြား ခဲ့သည်။ဒဏ်ရာရရှိသူ များက ဂီတ ပွဲ၏ ထွက်ပေါက်သည် အလွန်ကျဉ်းမြောင်းသောကြောင့် ယခု ကဲ့သို့သော လူအုပ်ပိမှု ဖြစ်ပွား ခဲ့ကြောင်း ဝေဖန်ခဲ့ကြသည်။ ဂီတ ပွဲစီစဉ်သူများမှလည်း နောက်ဆက်တွဲ ဖျော်ဖြေမှု များကို ရပ်ဆိုင်းကာ ဂီတပွဲ ၏ ထွက်ပေါက်နှင့် ပတ်သက်၍ ပြန်လည် ပြုပြင်နေကြောင်း ပြောကြား ခဲ့သည်။ဗစ်တိုးရီးယား ပြည်နယ် အရေးပေါ်ဆောင်ရွက်မှု ဌာန တာဝန်ရှိသူမှ ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်ပွားမှု အတွက် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေပြီးဖြစ်ကြောင်း နှင့် ကံကောင်းထောက်မစွာ ဖြင့် ယခုဖြစ်ပွား ခဲ့သည့် လူအုပ်ပိမှု တွင် သေဆုံးသူ မရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
သြစတြေးလျ နိုင်ငံ ဂီတ ဖျော်ဖြေပွဲ တစ်ခုတွင် လူအုပ်ပိမှု ဖြစ်ပွားကာ ၈၀ ဦးဒဏ်ရာရရှိ  သြစတြေးလျ နိုင်ငံ ဂီတ ဖျော်ဖြေပွဲ တစ်ခုတွင် လူအုပ်ပိမှု ဖြစ်ပွားကာ ၈၀ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.