ဟုမ္မလင်း၊ ဒီဇင်ဘာ - ၁၆
ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာအုပ်စု၊ နောင်ပိုအောင်ကျေးရွာတွင် ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြစမ်းရေ တည်ခိုခန်း (သွပ်မိုး၊ ပျဉ်ကာခင် တစ်ထပ်) မှ မီးစတင်လောင်ကျွမ်းခဲ့ရာ ကပ်လျက်ရှိ ဦးမျိုးမင်းထွန်း ၏ သွပ်မိုး၊ ပျဉ်ကာ ပျဉ်ခင်းနှစ်ထပ်နေအိမ်၊ ဦးအောင်မိုး ၏ နေအိမ် မီးဖိုချောင်နှင့် အမြန်ရေယာဉ်ဂိတ် လက်မှတ်အရောင်းဌာန သွပ်မိုး၊ ပျဉ်ကာ၊ ဂိတ်တဲ့သို့ ကူးစက်ခဲ့ပြီး နောင်ပိုအောင်ကျေးရွာ မီးသတ်တပ်ဖွဲ့ဝင်များ နောင်ပိုအောင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် ကျေးရွာသူ/ကျေးရွာသားများမှ ၀ိုင်းဝန်မီးငြိမ်းသတ်ခဲ့ရာ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မြို့နယ်ထွေအုပ် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်(၆)ဦး နှင့် မီးသတ်ကားသုံးစီး နမ့်တောကျေးရွာမှ အရန်မီးသတ်ကားတစ်စီး သို့မှ သွားရောက်ခဲ့ပြီး ၁၁း၃၅ အချိန် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် လူ၊တိရစ္ဆာန်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ တွင် မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
22:39
Rating:
