ကမ်းနားလမ်းညဈေးက ဆိုင်ခန်းနေရာ ကျူးကျော်သူတွေကို ဆိုင်ပိတ်သိမ်းတဲ့ အထိ အရေးယူမည်


ရန်ကုန်မြို့ ကမ်းနားလမ်း ညဈေးမှာ ဆိုင်ခန်းနေရာကျူးကျော်သူတွေကို သတိပေးစာတွေပေးထားသလို ထပ်ပြီးကျူးလွန်ရင် ဆိုင်ပိတ်သိမ်းတဲ့ အထိအရေးယူသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံဌာနမှ ဒုတိယဌာနမှူး ဦးညီညီဦးက 5 Plus ကိုပြောပါတယ်။

ဆိုင် (၅)ဆိုင်လောက်ကို သတိပေးထားတာဖြစ်ပြီး ထပ်မံကျူးလွန်တာတွေ့ရင် ဆိုင်ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။


နိုဝင်ဘာလ (၂၄)ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ စီစဉ်မှုနဲ့ ကမ်းနားလမ်း ညဈေးသစ်ကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

 အဲဒီညဈေးမှာ ရန်ကုန်မြို့တွင်း မြို့နယ် (၄)ခုမှာ ရောင်းချနေတဲ့ လမ်းဘေးဈေးသည် (၆)ထောင်ကျော်အနက် (၁၆၀၀)ကျော်ကို နေရာချထားပေးတာဖြစ်ပါတယ်။

ဓာတ်ပုံ - Yu Yu Htun FB
5 Plus News
https://www.facebook.com/5plusnews/
ကမ်းနားလမ်းညဈေးက ဆိုင်ခန်းနေရာ ကျူးကျော်သူတွေကို ဆိုင်ပိတ်သိမ်းတဲ့ အထိ အရေးယူမည်  ကမ်းနားလမ်းညဈေးက ဆိုင်ခန်းနေရာ ကျူးကျော်သူတွေကို ဆိုင်ပိတ်သိမ်းတဲ့ အထိ အရေးယူမည် Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.