ရွှေထည်နှင့် ငွေများကို ပိုင်ရှင်ထံပြန်ပေးသော ဆိုင်ကယ်ကယ်ရီသမားအား ဂုဏ်ပြု


ဘုရားသုံးဆူ ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ မြို့တွင် ကျပ် ၃၅ သိန်းခန့်တန်ဖိုးရှိ ရွှေထည်နှင့် ငွေများ ကောက်ရပြီး ပိုင်ရှင်ထံပြန်ပေးသော ဆိုင်ကယ်ကယ်ရီ သမား လူငယ်တစ်ဦးအား ဂုဏ်ပြုပွဲကို ဘုရားသုံးဆူ နယ်မြေရဲစခန်း၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ သည်။

ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက် တပ်ရင်း(၃)လမ်းနေ ဆိုင်ကယ်ကယ်ရီဆွဲသူ မွန်လေး(ခ)မောင်မျိုး ထွန်း (၂၅ နှစ်)သည် ဒီဇင်ဘာ ၈ ရက်က ဘုရားသုံးဆူမြို့ မှ ရွာသစ်ကျေးရွာသို့ ခရီးသည်တစ်ဦးအား လိုက်လံပို့ ဆောင်ပေးခဲ့စဉ် ၄င်းကျေးရွာအနီး ကားလမ်းမပေါ်မှ အမျိုးသမီးများလွယ်သော ဘေးလွယ်အိတ်တစ်လုံး ကောက်ရသဖြင့် ဖွင့်ကြည့်ရာ အိတ်အတွင်းမှ ထိုင်းဘတ် ငွေ ၃၃၅ဝဝ နှင့် စုစုပေါင်းအလေးချိန် လေးကျပ်သား ခန့်ရှိ ရွှေထည်ပစ္စည်းမျိုးစုံကို တွေ့ရှိရသဖြင့် ဘုရားသုံး ဆူနယ်မြေရဲစခန်းသို့ လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပ်နှံသောပစ္စည်းများကို ဘုရားသုံးဆူနယ်မြေ ရဲ စခန်းမှူး ရဲအုပ် အောင်မြတ်မိုးက သက်သေများရှေ့တွင် စနစ်တကျ မှတ်တမ်းတင်သိမ်းဆည်းပေးထားခဲ့ပြီး နယ် ထိန်းတပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာကျေးရွာများသို့ စုံစမ်းအကြောင်းကြားစေခဲ့ရာမှ ပစ္စည်းပျောက်ဆုံးသူ ပိုင်ရှင်အမျိုးသမီးအား ဒီဇင်ဘာ ၁၂ ရက်တွင် ရှာဖွေ စုံစမ်းကာ ပြန်လည်အပ်နှံနိုင်ခဲ့ခြင်းဖြစ်သည်။ ပစ္စည်း ပျောက်ဆုံးသူမှာ ဘုရားသုံးဆူမြို့နေ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေးအေးအောင်(၄ဝ နှစ်)ဖြစ်ပြီး သက်သေများရှေ့တွင် ပျောက်ဆုံးသော ပစ္စည်းများကို မှန်ကန်စွာ အတည်ပြုပြောဆိုနိုင်သဖြင့် ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

ကောက်ရသောပစ္စည်းများကို ပြန်အပ်ခဲ့သော ဆိုင်ကယ်ကယ်ရီသမား မွန်လေး(ခ)မောင်မျိုးထွန်း အား ဂုဏ်ပြုပွဲတွင် ပစ္စည်းပိုင်ရှင်က မောင်မျိုးထွန်းအား အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး စခန်းမှူး ကလည်း ယခုလို သူများပစ္စည်းကို အချောင်မယူလို သည့်စိတ်ဓာတ်ရှိသူ မောင်မျိုးထွန်းအား ဂုဏ်ပြုပါ ကြောင်း ပြောကြားခဲ့သည်။ သက်သေအဖြစ် လာ ရောက်ကြသည့် ဦးကြီးမြင့်နှင့် ဦးသန်းဇော်တို့ကလည်း ယခုလို တာဝန်သိသည့် မောင်မျိုးထွန်း၏စိတ်ဓာတ်မှာ အတုယူဖွယ်ရာဖြစ်ကာ မိမိတို့မြို့၏ဂုဏ်ကိုလည်း မြှင့် တင်ရာရောက်သလို အတုယူဖွယ်၊ ဂုဏ်ယူစရာ စိတ် ဓာတ်ပိုင်ရှင်အဖြစ် လေးလေးစားစား ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပစ္စည်းများကို တာဝန်သိစွာ အပ်နှံခဲ့သည့် မောင်မျိုးထွန်း၏စိတ်ဓာတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ပစ္စည်းပိုင်ရှင် ဒေါ်အေးအေးအောင်က ထိုင်းဘတ်ငွေ ၁၂ဝဝဝ (မြန်မာငွေဖြင့် ကျပ်လေးသိန်းခန့်)ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ပြီး မောင်မျိုးထွန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

မင်းသူ/ထွန်းထွန်းထွေး (ဘားအံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရွှေထည်နှင့် ငွေများကို ပိုင်ရှင်ထံပြန်ပေးသော ဆိုင်ကယ်ကယ်ရီသမားအား ဂုဏ်ပြု ရွှေထည်နှင့် ငွေများကို ပိုင်ရှင်ထံပြန်ပေးသော ဆိုင်ကယ်ကယ်ရီသမားအား ဂုဏ်ပြု Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.