အရက်ကြောင်နေသူ ဆေးရုံမှထွက်ပြေးကာ မြစ်သာမြစ်အတွင်း ခုန်ချသေဆုံး


မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့တွင် ဒီဇင်ဘာ ၉ ရက်က ရက်ကြောင်အမျိုးသားတစ်ဦးမြစ်အတွင်းခုန်ချသေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာဒီဇင်ဘာ ၉ ရက် မွန်းလွဲ(၁)နာရီ(၄၀)မိနစ်ချိန်က ဂန့်ဂေါပြည်သူ့ဆေးရုံ၊ ဖျားနာဆောင်တွင် တက်ရောက်ကုသ နေသော လူနာတစ်ဦး အရက်ကြောင် ကြောင်၍ ထွက်ပြေးပြီး မြစ်သာမြစ်အတွင်း ခုန်ချသွားကြောင်း သတင်း အရဂန့်ဂေါမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးစိုး သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 မြစ်အတွင်းခုန်ချသူမှာ မောင်မိုးစန်း၊၂၉နှစ်၊ဘုံးဇုံကျေးရွာ၊ ဟားခါးမြို့နယ်၊ ချင်းပြည်နယ်နေသူဖြစ်ကြောင်းသိရှိရပြီးမေးမြန်းခဲ့ရာ ဖျားနာဆောင် တာဝန်ကျဒေါက်တာကျော်ဇင်လတ်၏ပြောပြချက်အရ ဒီဇင်ဘာ(၈)ရက်နေ့ မွန်းလွဲ(၁)နာရီမိနစ်(၂၀)အချိန်ခန့်တွင် မောင်မိုးစန်း အားအရက်ကြောင်ကြောင်နေ၍ ၎င်း၏ဖခင် ဦးတင်ဝင်းမှ လူနာစောင့်အဖြစ်လိုက်ပါလာပြီးဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရာမှ ဒီဇင်ဘာ(၉)ရက်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်၌ မောင်မိုးစန်းမှာ အရက်ကြောင်ကြောင်ကာ ဆေးရုံ၏ အနောက်ဘက် ပေ(၂၀၀)ခန့်အကွာ အမြင့်ပေ(၁၀၀)ခန့ှ်ိသောချောက်ကမ်းပါးပေါ်မှမြစ်သာမြစ်အတွင်းခုန်ချသွားသည်ကို နောက်မှပြေးလိုက်သွားသော ၎င်း၏ဖခင်ဦးတင်ဝင်းမှ မြင်တွေ့ခဲ့ကြောင်းသိရှိရသဖြင့် ၀ိုင်းဝန်းဆယ်ယူရှာဖွေခဲ့ရာ အဆိုပါနေ့ညနေ(၄)နာရီခွဲအချိန် မောင်မိုးစန်း ၏အလာင်းအားရှာဖွေတွေ့ရှိခဲ့ပြီး အလောင်းတွင် မြစ်အတွင်းရှိကျောက်ဆောင်ဖြင့်တိုက်မိခဲ့၍ ယာနဖူးပေါက်ပြဲဒဏ်ရာ(၁)ချက်ရရှိထားသည်ကိုတွေ့ရှိကာ အခြားပြင်ပဒဏ်ရာမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 ယင်းအမျိုးသားသေဆုံးခဲ့မှုနှင့် ပက်သက်၍ ဒုရဲမှူး စိုးစိုး မှ တရားလိုပြုတိုင်ကြားခဲ့၍ ဂန့်ဂေါမြို့နယ်၊မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၁၆ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
အရက်ကြောင်နေသူ ဆေးရုံမှထွက်ပြေးကာ မြစ်သာမြစ်အတွင်း ခုန်ချသေဆုံး   အရက်ကြောင်နေသူ ဆေးရုံမှထွက်ပြေးကာ မြစ်သာမြစ်အတွင်း ခုန်ချသေဆုံး Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.