![]() |
မူးယစ်ရမ်းကားနေသူအား တားမြစ်ရာက လူသတ်မှုဖြစ်ပွား |
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ရေယာဉ်ကျေးရွာမှာ မူးယစ်ရမ်းကားနေသူအား တားမြစ်ရာက လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။
ရေယာဉ်ကျေးရွာနေ စိန်ပေါ(၂၉)နှစ်သည် အရက်မူးပြီး ရမ်းကားနေသဖြင့် ပေါက်တစ်ပင်ရွာနေ အေးမျိုးမင်း(၃၁)နှစ်မှ မပြုလုပ်ရန်တားမြစ်စဉ် နှစ်ဦးစကားများပြီး ခိုက်ရန် ဖြစ်ပွားရာ အေးမျိုးမင်းမှ အသင့်ပါလာသည့် ဓားဖြင့်ထိုးသောကြောင့် စိန်ပေါ၏ ယာနံဘေးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်း ဖြစ်သည်။
အေးမျိုးမင်း အား တကောင်း နယ်မြေရဲစခန်း(ပ)၅၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
သပိတ်ကျင်းမြို့နယ်မှာ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:31
Rating:
