ကျောင်းသားသမဂ္ဂ အဆောက်အဦး ဆောက်လုပ်ပေးမယ်လို့ ပြော

( ဓါတ်ပုံ - ကျောင်သားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ပေးဖို့ကိစ္စ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်း ဒီဇင်ဘာလ ၂ ရက်နေ့ ပြည်သူ့လွှတ်တော် ပြန်လည်ဖြေကြားစဉ်)
ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ပြန်လည်ဆောက်လုပ်ပေးသွားမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်း က ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော မေးမြန်းတဲ့ သမိုင်းဝင် ကျောင်သားသမဂ္ဂ အဆောက်အဦးကို ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ ဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုရာမှာ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ဖြေကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဆောက်လုပ်ဖို့အတွက် လာမယ့် ဘတ်ဂျက်နှစ်မှာ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့စစ်အစိုးရက အာဏာသိမ်းခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာရှိတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း ဗုံးခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကျောင်းသားသမဂ္ဂ အဆောက်အဦး ဆောက်လုပ်ပေးမယ်လို့ ပြော ကျောင်းသားသမဂ္ဂ အဆောက်အဦး ဆောက်လုပ်ပေးမယ်လို့ ပြော Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.