![]() |
ငယ်စဉ်ကပြောဆိုဆက်ဆံခဲ့ခြင်းများကို မကျေနပ်သောကြောင့် အဒေါ်အား တူဖြစ်သူမှ ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား |
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းပေါခုံကျေးရွာနေ ဒေါ်ပိန်(ခ)ဒေါ်ငွေမြင့်(၆၀)နှစ်သည် နေအိမ်၌ရှိနေစဉ် တူတော်စပ်သူ နောင်တရားမြို့နယ်၊ ကုန်းသိမ်းကျေးရွာနေ အောင်မိုး(၃၁)နှစ်ရောက်ရှိလာပြီး ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား ခဲ့ပါသည်။
သေဆုံးသွားသူ၏ ခင်ပွန်းဖြစ်သူ ဦးစိုး(၅၄)နှစ်မှ အရေးယူပေးရန် တိုင်တန်းရာ အောင်မိုးအား ဖမ်းဆီးပြီး နမ့်ပန်နယ် မြေရဲစခန်း(ပ)၁၈/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။
သစ်ထူးလွင်
အဒေါ်အား တူဖြစ်သူမှ ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:23
Rating:
