ရန်ကုန်မြို့ သစ်စီမံကိန်းမြေကိုနိုင်ငံတော်ကတာဝန်ယူမည်ဖြစ်ပြီး Master Plan ကို ဒီဇင်ဘာလအကုန်တွင်ဆောင်ရွက်ပေးမည်ဖြစ်ကာ ရေနက်ဆိပ်ကမ်းတစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း ယနေ့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်သည့် အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လုပ်ငန်းရှင်များအားပြောကြားခဲ့သည်။
``Special Economic ဇုန်တစ်ခုပေါ်ပေါက်ဖို့ရှိပါတယ် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ မြို့ သစ်စီမံကိန်း ပေါ်ပေါက်ဖို့ရှိပါတယ် ရန်ကုန်မြို့  အရှေ့အနောက်တောင်မြောက် အားလုံးမှာ တန်ဖိုးနည်း တန်ဖိုးသင့် တန်ဖိုးမြင့် အိမ်ယာတွေတည်ဆောက်သွားဖို့ရှိပါတယ် ဒါပေမဲ့ သေသေချာချာ ကျနော်တို့လေ့လာစမ်းစစ်မှုလုပ်နေပါတယ် ဘာကြောင့်လေ့လာစမ်းစစ်မှုလုပ်နေလဲဆိုတော့ တန်ဖိုးနည်း အိမ်ယာဆိုတာအရည်အသွေးမပြည့်မီတဲ့ အိမ်ဖြစ်မှာစိုးရိမ်ပါတယ် တန်ဖိုးသင့် ကအရည်သွေးသင့်တင့်တဲ့ အိမ်ဖြစ်ပြီး တန်ဖိုးမြင့် သာလျင်အရည်သွေးမြင့်နေတဲ့ အိမ်ပုံစံမျိုးမဟုတ်ပဲ နဲ့ ရောနှော တည်ဆောက်တဲ့ပုံစံတစ်ခုကို လေ့လာစမ်းစစ်ဖို့ လုပ်နေပါတယ် ဒီလေ့လာစမ်းစစ်မှုပြီးရင် လုပ်ငန်းရှင်တွေကို ခေါ်မှာပါ ဒီစီမံကိန်းတွေကိုလည်း ရှင်းလင်းမှာပါ´´ဟု ပြောကြားခဲ့သည်။
ထို့အပြင် ရန်ကုန်တွင် အိမ်ခြံမြေဈေးကွက်သည် မြေတန်ဖိုးကြီးမြင့်နေသည့်အတွက် အခက်ခဲကြုံတွေ့နေရခြင်းကြောင့် မြေကိုယူပြီး အခန်းတည်ဆောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ Risk လုပ်မှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန် လုပ်ငန်းရှင်များအား တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အစိုးရ၏ မြို့သစ်စီမံကိန်းကို သိရှိလိုပြီး မိမိတို့အသင်းအား တာဝန်ပေးအပ်ကာ ပူးပေါင်းဆောင်ရွက်လိုကြောင်း တင်ပြခြင်းအပေါ် ပြန်လည်ရှင်းလင်းခဲ့သည်။
ငြိမ်းချမ်းအောင်(Social Watch)
Central News Myanmar
https://www.facebook.com/CNMyanmar/
ရန်ကုန်မြို့ သစ်စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု ပါဝင်မည်
Reviewed by THITHTOOLWIN
on
21:22
Rating:
