ရန်ကုန်-မန္တလေး အမြန်လမ်းကို ဆိုင်ကယ်ဖြင့် ဖြတ်သန်းမောင်းနှင်စဉ် ကားတိုက်ခံရ၍ သေဆုံး


နေပြည်တော်၊ ဒီဇင်ဘာ ၁၄

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၃/၄-၅)ကြား၌ ဆိုင်ကယ်ဖြင့် ဖြတ်သန်းမောင်းနှင်စဉ် ကားတိုက်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

သတင်းအရ သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နေပြည်တော်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်နေ ဦးအုန်းလွင်(၅၁)နှစ်မောင်းနှင်လာသည့် 2E/×××× Daihatsu Hatch Back ယာဉ်သည် အမြန်လမ်းအားဖြတ်သန်းမောင်းနှင်သည့် ဝမ်းတွင်းမြို့နယ်၊ ဂွေးကန်ရွာနေ မဇင်နွယ်ဦး(၁၇)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မလှငွေ(၂၅)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အား တိုက်မိခြင်း ဖြစ်ကြောင်းသိရသည်။

 မလှငွေတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မဇင်နွယ်ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင် ခွင့်မရှိသော ဆိုင်ကယ်အား မောင်းနှင်သူ မဇင်နွယ်ဦး အား သီးကုန်းအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၅၈/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ရန်ကုန်-မန္တလေး အမြန်လမ်းကို ဆိုင်ကယ်ဖြင့် ဖြတ်သန်းမောင်းနှင်စဉ် ကားတိုက်ခံရ၍ သေဆုံး ရန်ကုန်-မန္တလေး အမြန်လမ်းကို ဆိုင်ကယ်ဖြင့် ဖြတ်သန်းမောင်းနှင်စဉ် ကားတိုက်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 23:32 Rating: 5
Powered by Blogger.