![]() |
( ရဲမှူးချုပ်သူရစန်းလွင်က သတင်းသမားတွေနဲ့ တွေ့ဆုံပြီး မောင်တောဖြစ်စဉ်ကို ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲရေးဌာနချုပ်မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က ရှင်းလင်းနေစဉ် ) Photo: Min Thein Aung/ RFA |
ဒီနေ့ မောင်တောမြို့နယ်အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှာ ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ် မှာ ပြောခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်မှုကျူးလွန်သူတွေဟာ RSO အကြမ်းဖက်သင်တန်း တက်ရောက်ထားသူတွေ ဖြစ်ပြီး ဒေသတွင်းက မွတ်ဆလင်တွေကို စည်းရုံးသိမ်းသွင်းထားတာ တွေ့ရတယ်လို့လည်း ရဲမှူးချုပ် သူရစန်းလွင် က ပြောပါတယ်။
မောင်တော အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ လူပေါင်း ၆၀၉ ဦး ဖမ်းဆီးခဲ့ပြီး ၇၃ ဦးကို အသေတွေ့ရှိခဲ့သလို ၁၀၆ ဦးကို အသီးသီးသီးပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
မောင်တောမြို့နယ်မှာ တိုင်းရင်းသားတွေတိုးပွားလာစေဖို့အတွက် တိုင်းရင်းသားကျေးရွာ ၇ ရွာကို တည်ထောင်ပေးဖို့ ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်တယ်လို့လည်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။
မောင်တောမြို့ကိုမနေ့က ရောက်ရှိနေတဲ့ ပြည်တွင်း ပြည်ပသတင်းမီဒီယာသမားတွေဟာ ဒီနေ့ မောင်တောမြို့နယ် မြောက်ပိုင်း ဝပိတ်၊ ပြောင်ပိုက်၊ ကြိမ်ချောင်း၊ ငခူရစတဲ့ ကျေးရွာတွေကို သွားရောက်ခဲ့ကြပါတယ်။
ဒေသခံမွတ်ဆလင်တွေကို တွေ့ဆုံမေးမြန်းချက်အရ အကြမ်းဖက်မှု ကျူးလွန်သူတွေထဲ မှာ ဒေသခံမွတ်ဆလင်တွေပါဝင်သလို တစ်ဘက်ဘင်္ဂလားဒေ့ရှ်ဘက်က မွတ်ဆလင်တွေလည်း ပါဝင်တယ်လို့ ပြောကြပါတယ်။
မောင်တောမြောက်ပိုင်းကို ဖြတ်သန်းသွားရာလမ်းတစ်လျှောက်မှာရှိတဲ့ မွတ်ဆလင်ကျေးရွာ တွေမှာ နေအိမ်အတော်များများမှာ လူနေထိုင်မှုမရှိတာကိုလည်း တွေ့ရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
မောင်တောနယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်နဲ့ သတင်းသမားတွေ တွေ့ဆုံ
Reviewed by THITHTOOLWIN
on
18:39
Rating:
