မှိုဆိပ်တစ်မျိုးပါဝင်သော ငရုတ်သီးမှုန့် ၅ မျိုး လိုက်လံစစ်ဆေး

မှိုဆိပ်တစ်မျိုးပါဝင်သော ငရုတ်သီးမှုန့် ၅ မျိုး ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေးပညာပေး

ကျောင်းကုန်း ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့မဈေးကြီးအ တွင်း ဈေးကွက်အတွင်းရှိ ငရုတ်သီး မှုန့် (၅) မျိုးတွင် မှိုဆိပ်တစ်မျိုးဖြစ်သည့် Aflatoxin ပါဝင်နေကြောင်း စိစစ်တွေ့ရှိ ရသဖြင့် စစ်ဆေး ခြင်းကို ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၈း၃၀ နာရီအချိန် လိုက်လံစစ်ဆေးခဲ့ကြသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ဖြိုး၏ ညွှန်ကြား ချက်ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေး ကော်မတီများအနေဖြင့် အာဏာပိုင် အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်း များဖြင့် ပေါင်းစပ်၍ သိမ်းဆည်းဖျက်ဆီးရန်နှင့် မြို့မဈေးကြီးအတွင်း ရောင်းချခြင်း မပြုရန်၊ လာရောက်ပို့ ဆောင်ပါက ဈေးတာဝန်ခံရုံးသို့ အကြောင်းကြားရန် လိုက်လံ၍ အသိပညာပေး စစ်ဆေးခဲ့ကြသည်။


အဆိုပါအဖွဲ့တွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်၊ မြို့နယ်စည်ပင် သာယာရေး ဒုတိယဦးစီးမှူး ဦးဇော်ထွေး နှင့်အဖွဲ့၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးမှူး ဦးကြည်စိုး နှင့်အဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်သီတာညိမ်းနှင့်အဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဒုတက မျိုးမင်းကျော် နှင့်ဈေးကော်မတီ ဝင်များ ပူးပေါင်းအဖွဲ့သည် ဈေးကွက်အတွင်းရှိ ငရုတ်သီးမှုန့်များ ဖြစ်သည့် "စံပယ်ဦး၊ ရွှေ၊ရတနာ၊ မူမူဆွေ နှင့်ဖိန်ဖိန် "အမှတ်တံဆိပ်များသည် မှိုဆိပ်တစ်မျိုးဖြစ်သည့် Aflatoxin ပါဝင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ရောင်းချမှု မရှိစေရေး၊ စစ်ဆေးတွေ့ရှိပါက မီးရှိုးဖျက်ဆီး သွားမည်ဟု ဦးဇော်ထွေးကပြောကြားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မှိုဆိပ်တစ်မျိုးပါဝင်သော ငရုတ်သီးမှုန့် ၅ မျိုး လိုက်လံစစ်ဆေး  မှိုဆိပ်တစ်မျိုးပါဝင်သော ငရုတ်သီးမှုန့် ၅ မျိုး လိုက်လံစစ်ဆေး Reviewed by THITHTOOLWIN on 15:46 Rating: 5
Powered by Blogger.