ထိုင်းနိုင်ငံမှာ လူသတ်မှုကျူးလွန်ပြီးနောက် မြဝတီမြို့မှာ လာရောက်ပုန်းအောင်းနေတဲ့ ထိုင်းနိုင်ငံသား ဆရာဝန်တဦးကို မြန်မာနဲ့ ထိုင်းရဲတွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့ထုတ်ဝေတဲ့ Bangkok Post သတင်းစာက ဖေါ်ပြလိုက်ပါတယ်။ အဲဒီ Supat Laohawattana ဆူပက် လောင်းဟဝါတာနာ ဆိုတဲ့ ဆရာဝန်ဟာ ထိုင်းရဲတပ်ဖွဲ့မှာ ဗိုလ်မှူးကြီး အဆင့်ရှိသူလည်းဖြစ်ပြီး ရဲတပ်ဖွဲ့ဆေးရုံကြီးမှာ အမှုထမ်းခဲ့သူပါ။
မြန်မာအလုပ်သမားတဦး အပါအဝင် လူ ၃ ဦးကိုသတ်မှုနဲ့ ထိုင်းရဲတွေက ဆူပက်ကို၂ဝ၁၂ ခုနှစ်မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ထိုင်းတရားရုံးက သူ့ကို ၂ဝ၁၅ မေလမှာ မျက်ကွယ်သေဒဏ်စီရင်ချက်မချခင် ထွက်ပြေးသွားခဲ့ရာကနေ အခုမှ ခြေရာခံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မြန်မာမှတ်ပုံတင်အတုကိုင်ဆောင်မှု တရားမဝင်ခိုးဝင်မှုတွေနဲ့ မြန်မာအာဏာပိုင်တွေက တရားစွဲထားတဲ့ အဲဒီ ထိုင်းဆရာဝန်ကို ထိုင်းအာဏာပိုင်တွေလက်ထဲ ပြန်လည်လွှဲပြောင်းမပေးခင် မော်လမြိုင်တရားရုံးမှာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ရုံးထုတ်မယ်လို့ သိရပါတယ်။
မြန်မာရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဆူပက်ဟာ သူ့ရဲ့မြန်မာနိုင်ငံသူ ဇနီးနဲ့အတူ ဘုရားသုံးဆူနယ်ခြားကနေ တရားမဝင် ခိုးဝင်လာခဲ့ပြီးနောက် လှို့ဝှက်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်း လူသတ်သမား မြဝတီမှာ ဖမ်းမိ
Reviewed by THITHTOOLWIN
on
16:34
Rating:
