![]() |
ချစ်သူစုံတွဲကို ဓါးထောက်လုယက်သည့် လူငယ် ၃ ဦးအား နာရီပိုင်းအတွင်း ဖမ်းမိ |
မုံရွာစီးပွားရေးတက္ကသိုလ်အနီး မြို့ပတ်လမ်းတွင် ချစ်သူစုံတွဲနှစ်ဦး စကားပြောနေစဉ် လူငယ် ၃ ဦးမှ ဓါးထောက်၍ ဆိုင်ကယ် ၂ စီး၊ ဖုန်းနှင့် လက်ဝတ်ရတနာများ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါ လုယက်မှုမှာ ဒီဇင်ဘာ ၁၀ ရက် နေ့လည် ၁၂ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မုံရွာနယ်မြေရဲစခန်းမှ မြင်းမူရဲစခန်းနှင့် ချိတ်ဆက်၍ လုယက်သူ ၃ ဦးအား နေ့လည် ၁ နာရီအချိန်တွင် မြင်းမူမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုယက်သူ လူငယ် ၃ ဦးမှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ရဲလင်း၊ ကျော်လင်း၊ ကျော်ဇင်ဦးတို့ဖြစ်ကြောင်း သိရသည်။
ကိုကိုလွင်
Monywa Gazette
https://www.facebook.com/chindwingazet/
ချစ်သူစုံတွဲကို ဓါးထောက်လုယက်သည့် လူငယ် ၃ ဦး
Reviewed by THITHTOOLWIN
on
19:01
Rating:
