နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ စင်ကာပူနိုင်ငံတရားဝင်ခရီးစဉ် ဒုတိယနေ့အစီအစဉ်


( ၁-၁၂-၂၀၁၆ ရက်နေ့၊ စင်ကာပူမြို့)

ယနေ့ ဒေသစံတော်ချိန် ၁၁း၀၀ နာရီတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် စင်ကာပူနိုင်ငံ ခေတ္တသမ္မတ H.E. Joseph Yuvaraj Pillay (Chairman of Council of Presidential Advisers) နှင့်တွေ့ဆုံခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်းသိရှိရပါ သည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေးဆိုင် ရာညှိနှိုင်းရေးဝန်ကြီး H.E. Mr. Teo Che Hean မှတည်ခင်းသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့တက်ရောက်ခဲ့ ပါသည်။

သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ စင်ကာပူမြို့
- ပြန်/ဆက်ဌာန
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ စင်ကာပူနိုင်ငံတရားဝင်ခရီးစဉ် ဒုတိယနေ့အစီအစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ စင်ကာပူနိုင်ငံတရားဝင်ခရီးစဉ် ဒုတိယနေ့အစီအစဉ် Reviewed by THITHTOOLWIN on 15:22 Rating: 5
Powered by Blogger.