မုံးကိုးမြို့ကို တပ်မတော်က ထိန်းချုပ်လိုက်ပြီ


နေပြည်တော်၊ ဒီဇင်ဘာ ၎

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ရှိ မုံးကိုးတပ်စခန်းအား KIA၊ TNLA၊ MNDAA၊ AA အကြမ်းဖက် သောင်းကျန်းသူများမှ နိုဝင်ဘာ ၂၀ ရက်မှစ၍ ယနေ့အထိ ၁၄ ရက်အကြာ အင်းအားသုံး ၀ိုင်းပတ် တိုက်ခိုက်လျက်ရှိရာ အဆိုပါ တပ်စခန်းသို့ စစ်ကူပေးရန် သွားရောက်သည့် တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူများ၏ အဆင့်ဆင့်ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်မှုများကို ထိုးဖောက် ကျော်လွှား၍ ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် မုံးကိုး တပ်စခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော် စစ်ကြောင်းများက မုံးကိုးမြို့အတွင်း အသေးစိတ်ရှင်းလင်းမှုများကြောင့် မြို့တွင်းရှိ အကြမ်းဖက် သောင်းကျန်းသူများသည် ဦးတည်ရာမဲ့ ကစဥ့်ကလျား ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်းနှင့် တပ်မတော်အနေဖြင့် မုံးကိုးမြို့အား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားပါသည်။

သစ်ထူးလွင်

မုံးကိုးမြို့ကို တပ်မတော်က ထိန်းချုပ်လိုက်ပြီ မုံးကိုးမြို့ကို တပ်မတော်က ထိန်းချုပ်လိုက်ပြီ Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.