မန္တလေး-ရွှေဘိုကားလမ်း၊ မိုင်တိုင်အမှတ်(၃၂/၄-၅)ကြားတွင် "အောင်ရတနာ" ခရီးသည်တင် ယာဉ် တိမ်းမှောက်၍ (၂၃)ဦး ဒဏ်ရာရ

အရှိန်မထိန်းနိုင်သောခရီးသည်တင်ယာဉ် တိမ်းမှောက်၍ (၂၃)ဦး ဒဏ်ရာရ
နေပြည်တော်၊ ဒီဇင်ဘာ ၈

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာ၊ မန္တလေး-ရွှေဘိုကားလမ်း၊ မိုင်တိုင်အမှတ်(၃၂/၄-၅)ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဆားတောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်နေ အောင်ခိုင်ဦး(၃၂)နှစ်မောင်းနှင်လာသည့် "အောင်ရတနာ" ခရီးသည်တင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် တံတားဦးမြို့နယ်၊ ဈေးချိုကျေးရွာနေ အောင်စိုးထွန်း (၂၆)နှစ် ပါ(၂၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဆားတောင်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း အောင်ခိုင်ဦးအား ဆားတောင်နယ်မြေရဲစခန်းယာဉ် (ပ)၃၂/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
မန္တလေး-ရွှေဘိုကားလမ်း၊ မိုင်တိုင်အမှတ်(၃၂/၄-၅)ကြားတွင် "အောင်ရတနာ" ခရီးသည်တင် ယာဉ် တိမ်းမှောက်၍ (၂၃)ဦး ဒဏ်ရာရ မန္တလေး-ရွှေဘိုကားလမ်း၊ မိုင်တိုင်အမှတ်(၃၂/၄-၅)ကြားတွင် "အောင်ရတနာ" ခရီးသည်တင် ယာဉ် တိမ်းမှောက်၍ (၂၃)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.