မန္တလားမင်း ခရီးသည်တင်ကား တိမ်းမှောက် ၆ ဦးသေဆုံး


၂၂.၁၂.၁၆ရက်နေ့ ၁၉း၂၀ အချိန်ခန့်တွင် ရန်ကုန်-မန္တ​လေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၁မိုင်၎ဖာလုံနှင့် ၅ဖာလုံကြားတွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ခရီးတင်
ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားရာ လက်ရှိ ယာဉ်မောင်း ယာဉ်မယ် အပါအဝင်  ၆ ဦးသေဆုံး ဟု ကနဦး သတင်းရရှိပါသည်။


ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့  မြို့ချောင်းအမြန်လမ်း မီးသတ်စခန်းနှင့် ဖြူး အမြန်လမ်းမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များထွက်ခွာကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။


2G/2399 နေပြည်တော်-ရန်ကုန် မန္တလာမင်း ကားဖြင့် လိုက်ပါသွားသူများ ၉၁ မိုင် ၄/၅ ဖာလုံကြားတွင် ကားချောက်ထဲကျသွားပါသဖြင့် ၈၃မိုင်ဆေးရုံနှင့် ကျောက်တံခါးဆေးရုံ တွင် လိုက်ပါစုံစမ်းကြပါရန် facebook ပေါ်မှာ အသိပေး ရေးသားမှုများလည်း တွေ့ ရပါသည်။

ဓါတ်ပုံ -  facebook
သစ်ထူးလွင်
မန္တလားမင်း ခရီးသည်တင်ကား တိမ်းမှောက် ၆ ဦးသေဆုံး မန္တလားမင်း ခရီးသည်တင်ကား တိမ်းမှောက်  ၆ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.