ဖနွမ်းပင်
ကမ္ဘောဒီးယားနိုင်ငံရှိ ကျေးရွာတစ်ရွာ၌ အဆိပ်အတောက်ပါသည့် ဆန်အရက်သောက်မိပြီး လူ ၁၀ ဦးသေဆုံးခဲ့ကာ အခြားလူ ၅၀ ခန့်ကို ဆေးရုံတင်ကုသပေးခဲ့ရကြောင်း အစိုးရအရာရှိများက ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။
နိုင်ငံအလယ်ပိုင်းရှိ ကမ်ပွန် ချနန်ခရိုင်ရှိ ကျေးရွာတစ်ရွာတွင် ဈာပနပွဲများ ပြုလုပ်စဉ်အတွင်း ရိုးရာဆန်အရက်ကို သောက်သုံးမိပြီး ကျေးရွာသားများ နေထိုင်မကောင်းဖြစ်လာခဲ့ကြောင်း ဒေသဆိုင်ရာဆေးရုံရှိ ဆေးရုံအုပ်ကြီး ဆိုရင် ရာဗူသီက ပြောဆိုခဲ့သည်။
နိုဝင်ဘာအကုန်ပိုင်းမှ ယနေ့အထိ လူ ၁၀ ဦး သေဆုံးခဲ့ပြီး လူ ၅၀ ခန့် ဆေးကုသမှုခံယူခဲ့ရကြောင်း ရာဗူသီက ပြောဆိုခဲ့သည်။ ကမ္ဘောဒီးယားရှိ ပွဲတော်များ၊ ဈာပနများနှင့် လက်ထပ်မင်္ဂလာပွဲများတွင် ရိုးရာ ဆန်အရက်ကို သောက်သုံးလေ့ရှိသည်။ သို့သော် မက်သနော အရောအစပ်မမှန်ခဲ့ပါက လူသေဆုံးနိုင်ခြေရှိနေသည်။
ဆန်အရက်ကြောင့် လူများစွာသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ဒုတိယရဲမှူး လိုင် ဗီရက်ခ်က ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ ယမန်နှစ်တွင် အဆိပ်အတောက်ပါသည့် ဆန်အရက်ကို သောက်သုံးမိပြီးနောက် လူ ၁၉ ဦးသေဆုံးခဲ့ပြီး လူ ၂၀၀ ခန့် ဆေးရုံတွင် ဆေးကုသမှုများ ခံယူခဲ့ရသည်။
Source:AFP
ရိုးမြေ
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
အဆိပ်အတောက်ပါသည့် ဆန်အရက်သောက်မိပြီး လူ ၁၀ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
10:55
Rating:
