တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ဘုတ်ပြင်းရေပိုင်နက်အတွင်း မူးယစ်ဆေးတင်ဆောင်လာသည့် စက်လှေတစ်စီးအား ဖမ်းဆီးရမိကြောင်း သိရသည်။
ဒီဇင်ဘာလ(၁၆)ရက်၊ ည(၆)နာရီခွဲအချိန်ခန့်က ဘုတ်ပြင်ရေပိုင်နက်အတွင်းရှိ ရေဒါကြည့်ကင်းတာဝန်ထမ်းဆောင်နေသည့် စစ်ရေယာဉ်အမှတ်( )မှ မသင်္ကာဘွယ်စက်လှေတစ်စီးအား မီးအချက်ပြခေါ်ယူစဉ် အဆိုပါ စက်လှေမှာ ဆက်လက်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ည(၇)နာရီ အချိန် အနောက်စူလာကျွန်း အနောက်မြောက်ဖက် (၅.၅)မိုင်ခန့်အကွာ၌ "ကျေးဇူးတော်(၁၂)အမည်ရှိ စက်လှေ(စိမ်ပိုက်ငါးဖမ်းလှေ)ဖြင့် တစ်ထုပ်လျှင်(၁)ကီလိုဂရမ် အလေးချိန်ရှိ China Tea စာတမ်းပါပလပ်စတစ်အိတ်နှစ်ထပ်ဖြင့် ထုပ်ပိုးထားသော အဖြူရောင်အမှုန့် "ကက်တမင်း"(Ketamine)မူးယစ်ဆေး (၉၄၀)ထုပ်(ကာလတန်ဖိုး သိန်းတစ်သောင်းရှစ်ထောင့်ရှစ်ရာ)အား စက်လှေပေါ်ပါ (ကျား)၁၁ ဦးနှင့်အတူ ဖမ်းဆီးမိကြောင်းသိရသည်။
စက်လှေပေါ်ပါ တရာခံများအား စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးမိသည့် လှေပေါ်ပါမူးယစ်ဆေး၏ပိုင်ရှင်မှာ ဖျာပုံမြို့(၅)ရပ်ကွက်၊(၄)လမ်းနေ ဦးကျော်မြင့်(ခ)ခိုင်ထွန်း(၁၃/သပန(နိုင်)၀၃၇၃၆၂)ဆိုသူဖြစ်ကြောင်း၊ ၄င်းတို့လှေသည် ဖျာပုံမြစ်အတွင်း ကျောက်ချထားစဉ် လှေပေါ်ပါမူးယစ်ဆေးများအား ဦးငယ်လေး(ဦးကျော်မြင့်၏ကိုယ်စားလှယ်)မှ လှေငယ်တစ်စီးဖြင့် လာရောက်တင်ဆောင်ပေးခဲ့ပြီး ၄င်းမှ ဒီဇင်ဘာ(၆)ရက်နေ့တွင်ထွက်ခွာပြီး ပင်လယ်ပြင်တွင် တဖက်နိုင်ငံမှ ပစ္စည်းများအား လာရောက်သယ်ယူမည့် လှေနှင့် ချိတ်ဆက်ကာ ပို့ဆောင်ရန်မောင်းနှင်လာစဉ် ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
အဆိုပါအမှုအား မြိတ်မြို့နယ်ရဲစခန်းမှ မယ (ပ)၁၈၈/၂၀၁၆ မူး/ စိတ်၊ပုဒ်မ ၁၅/၁၉(က)/၂၀(က)၂၁ ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
Myat Htut - Myeik
ဘုတ်ပြင်းရေပိုင်နက်အတွင်း သိန်း(၁၈,၈၀၀)ကျပ် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးမိ
Reviewed by THITHTOOLWIN
on
10:14
Rating:
