သီပေါ၊ ဒီဇင်ဘာ ၂ ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲခရိုင်၊ သီပေါမြို့မြောက်ဘက်၊ ဈေးရပ်ကွက်၊ သီပေါ- နမ္မတူကားလမ်းပေါ်ရှိ နမ့်ပေါ့ချောင်း တံတားအနီးတွင် ယနေ့ည ၁၀း၁၅ အချိန်ခန့်က ပြင်းထန်သည့် အသံကြီးတစ်ခုထွက်ပေါ်ခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ယင်းအသံထွက်ပေါ်လာရသည်ကို စုံစမ်းစစ်ဆေးနေဆဲပင်ဖြစ်ကြောင်း သီပေါရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ယနေ့ ( ဒီဇာဘာ၂ ရက်) ည ၁၀း၂၀ တွင် AHN သို့ပြောသည်။
" အသံထွက်တယ်ဆိုတာတော့မှန်ပါတယ်။ ဘာကြောင့် ဒီ အသံထွက်လာတယ်ဆိုတာကို သိရဖို့ ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေ သွားရောက်စုံစမ်းနေပါတယ် " ဟု၎င်းကပြောသည်။
![]() |
PHOTO - AHN ( ယနေ့ည ၁၀း၃၀တွင် မြင်တွေ့ရသည့် နမ့်ပေါ့ချောင်းတံတားမြင်ကွင်း) |
" အခုကျွန်တော်တို့ တံတားနားရောက်နေတယ်။ တံတား အရှေ့ဘက်မှာ မိုင်းလို့ ယူဆရတဲ့ အရာတစ်ခုတွေ့လို့ တာဝန်ရှိသူတွေက ဖယ်ရှားရှင်းလင်းဖို့ကြိုးစားနေတာကို မြင်တွေ့ရပါတယ် " ဟု AHN သတင်းထောက်များကသတင်းပေးပို့သည်။
ကိုနေသွင် ( သီပေါ)
The Asia Heart News
သီပေါမြို့ နမ့်ပေါ့ချောင်းတံတားအနီးတွင် ပြင်းထန်သော အသံထွက်ပေါ်
Reviewed by THITHTOOLWIN
on
10:03
Rating:
