တရားမဝင် ကျောက်စိမ်းတုံး(၅၁၆)တုံး သိမ်းဆည်းရမိ

တရားမဝင် ကျောက်စိမ်းတုံး(၅၁၆)တုံးအား သိမ်းဆည်းရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၃၀

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ၀၀၁၅ မိနစ်အချိန် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်နေ ဦးနန္ဒာ(၅၆)နှစ်၏နေအိမ်တွင် တရားမဝင်ကျောက်စိမ်းတုံးများ သိုလှောင် ထားကြောင်း သိရပါသည်။

သတင်းအရ မိုးကောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အောက်ထပ် အခန်းအတွင်းမှ တရားမဝင်ကျောက်စိမ်းတုံး (၅၁၆)တုံးအား တွေ့ရှိ သိမ်းဆည်း ရမိ ခဲ့ပါသည်။

 အဆိုပါ ကျောက်စိမ်းတုံးများအား ၎င်း၏သားဖြစ်သူ မောင်ထွန်း(၂၁)နှစ်မှ လာရောက်သိုဝှက်ထားရှိသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ဦးနန္ဒာ ပါ(၂)ဦးအား မိုးကောင်းမြို့မရဲစခန်း(ပ)၉၁/၂၀၁၆၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၂(က) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်

တရားမဝင် ကျောက်စိမ်းတုံး(၅၁၆)တုံး သိမ်းဆည်းရမိ တရားမဝင် ကျောက်စိမ်းတုံး(၅၁၆)တုံး သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.