အီရန်နိုင်ငံအတွက် သူလျှိုအဖြစ်ဆောင်ရွက်ခဲ့သူ ၁၅ ဦးကို ဆော်ဒီသေဒဏ်ပေး


ရီယာ့ဒ် ဒီဇင်ဘာ ၆

အီရန်နိုင်ငံအတွက် လျှို့ဝှက်ထောက်လှမ်းမှုများ လုပ်ဆောင်ခဲ့သူ ၁၅ ဦးကို ဆော်ဒီတရားရုံးက သေဒဏ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သေဒဏ်ချမှတ်ခံရသူများသည် အီရန်နှင့် အာဖဂန်အမျိုးသားအဖွဲ့က ဖေဖော်ဝါရီလက ခြေရာခံစုံစမ်း မှုများလုပ်ဆောင်ခဲ့သည့် ရှီယိုက်အစ္စလာမ်ဘာသာဝင် ၃ဝ ပါဝင်သည့်အဖွဲ့မှဖြစ်သည်ဟု ဆိုသည်။

တရားရေးအဖွဲ့များက ၄င်းတို့အား အီရန်စစ်ရေးသတင်းအဖွဲ့များနှင့် ပူးပေါင်းကာ သူလျှိုအဖြစ် လျှို့ဝှက်ထောက်လှမ်းမှု များလုပ်ဆောင်ခဲ့ကာ စစ်ရေးဇုန်နှင့်ပတ်သက်သည့် အရေးကြီးအချက်အလက်များကို ပေါက်ကြားစေခြင်းဖြင့် နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ခဲ့သည်ဟုဆိုကာ စွဲချက်တင်ခဲ့သည်။

ဆွန်နီအစ္စလာမ်ဘာသာဝင်များကြီးစိုးသည့် ဆော်ဒီအာရေဗျနှင့် ရှီယိုက်ဦးဆောင်သည့် အီရန်ရှိအစ္စလာမ်ဘာသာဝင်များ အကြားတင်းမာမှုများသည် ပြီးခဲ့သည့်နှစ်မှစတင်ကာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ နာမည်ကျော်ကြားသည့် ဆော်ဒီရှီယိုက် ဘုန်းတော်ကြီး နင်မ်အယ်လ်နင်မ် နှင့်အခြားရှီယိုက်မျိုးနွယ်စုသုံးဦးကိုကွပ်မျက်လိုက်သည့်အတွက် တီဟီရန်ရှိ ဆော်ဒီသံရုံး၌ ဆန္ဒပြဆန့်ကျင်မှုများဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလတွင် ဆော်ဒီအာရေဗျသည် အီရန်နှင့်သံတမန်ဆက်ဆံရေးကို ဖြတ်တောက် လိုက်သည်။

ဆော်ဒီအာဏာပိုင်များက နင်မ်သည် အကြမ်းဖက်လုပ်ရပ်များအတွက် အပြစ်ရှိကြောင်း ပြောဆိုခဲ့သော်လည်း အီရန် ခေါင်းဆောင်က ဆွန်နီအုပ်စိုးမှုအပေါ် ပြင်းထန်သည့်ဝေဖန်မှုများ လုပ်ဆောင်ခဲ့ခြင်းအတွက် ကွပ်မျက်လိုက်ခြင်းသာဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်း အင်အားကြီးနိုင်ငံနှစ်ခုသည် ဆီးရီးယားနှင့် ယီမင်တွင်ဖြစ်ပွားနေသော စစ်ပွဲများတွင် မတူညီသောဘက်မှ ကူညီပံ့ပိုးပေးလျက်ရှိသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အီရန်နိုင်ငံအတွက် သူလျှိုအဖြစ်ဆောင်ရွက်ခဲ့သူ ၁၅ ဦးကို ဆော်ဒီသေဒဏ်ပေး  အီရန်နိုင်ငံအတွက် သူလျှိုအဖြစ်ဆောင်ရွက်ခဲ့သူ ၁၅ ဦးကို ဆော်ဒီသေဒဏ်ပေး Reviewed by THITHTOOLWIN on 08:42 Rating: 5
Powered by Blogger.