တမူးမြို့မြို့မ(၁၃)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွား


တမူး ဒီဇင်ဘာ ၃ဝ

တမူးမြို့မြို့မ(၁၃)ရပ်ကွက်အတွင်းရှိ ဦးရွှေလှပိုင်ဆိုင်ပြီး ဒေါ်မိုး(နတ်ကတော် လုပ်ငန်းလုပ်ကိုင်သူ)ငှားရမ်းနေထိုင်သည့် နေအိမ်ခြံစည်းရိုးအနီး အမှိုက်ပုံနေရာ၌ ဒီဇင်ဘာ ၂၉ ရက်ည ၈ နာရီ ၁ဝ မိနစ်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ တမူးခရိုင်မှ အုပ်ချုပ်ရေးနှင့်လုံခြုံရေး အဖွဲ့အစည်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ဒေသန္တရလက်လုပ် မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူ၊ ပစ္စည်း၊ တိရ္ဆာန်များထိခိုက်ဒဏ်ရာ ပျက်စီးမှုတစ်စုံတစ်ရာမရှိဘဲ အဆိုပါနေရာ၌ အနက် လေးလက်မ၊ အချင်း ရှစ်လက်မခန့်မြေကျင်း တစ်ခုဖြစ်ပွားကြောင်းသိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တမူးမြို့မြို့မ(၁၃)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွား  တမူးမြို့မြို့မ(၁၃)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:46 Rating: 5
Powered by Blogger.