နေပြည်တော် ဒီဇင်ဘာ ၁၄
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မောင်တော မြို့နယ် မယင်းတောင်နှင့် မျောတောင်အကြား နယ်မြေရှင်း လင်းစဉ် မြေကြီး အတွင်း မြှုပ်ထားသော အသက်သွင်းပြီး ကားပင်စတင်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း လေးလုံး၊ 3K 70 AHC ဘက်ထရီ တစ်လုံးနှင့် ဆေးမျိုးစုံ ထည့်ထားသည့် ဆာလာအိတ် တစ်ထုပ်တို့အား ဖော်ထုတ် သိမ်းဆည်း ရမိခဲ့သည်။
အလားတူ မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာ အနီး ပတ်ဝန်းကျင် ချုံအတွင်းဝှက်ထားသော မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကားပင်စတင် ၁ဝ လုံး၊ ကားပင်စတင်ဖြင့် ပြုလုပ်ထားသည့် အသက်သွင်းပြီးမိုင်း နှစ်လုံးနှင့် ပတ်တီးလိပ် ၁၃ ထုပ်တို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မောင်တောဒေသတွင် လက်လုပ်မိုင်းများတွေ့ရှိ
Reviewed by THITHTOOLWIN
on
09:14
Rating:
