ရန်ကုန်၊ ဒီဇင်ဘာ ၁၆
၁၅.၁၂.၂၀၁၆ ရက်နေ့ ၁၇း၀၀ အချိန်တွင် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဒုတိယဦးစီးမှူးပါဝင်သော အဖွဲ့တို့သည် သက်သေများနှင့်အတူ လှိုင်မြို့နယ်၊ (၂)ရပ်ကွက်၊ သီရိ(၅)လမ်းရှိ တိုက်ခန်းမြေညီထပ်တွင် နိုင်ငံခြားဖြစ်အရက်မျိုးစုံအား ရောစပ်အတုပြုလုပ်နေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေခဲ့ရာ ၎င်းအခန်းရှိ ထပ်ခိုးပေါ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်နေ သိန်းထွန်း၊ (၂၉)နှစ်၊ သိန်းဇော်၊(၁၉)နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့်ဇလွန်မြို့နေ ၀င်းလတ်၊ (၂၁)နှစ်၊ အောင်ဝင်းခိုင်၊
(၂၀)နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ ခန့်လင်းအောင်၊ (၁၉)နှစ်နှင့် ရွှေပြည်သာမြို့နယ်နေ ကျော်သူလွင်၊ (၁၉)နှစ်တို့ ၆ ဦးတို့အား Cruiser အမျိုးအစားအရက်နှင့် Columbus အမျိုးအစား အရက်များကို ရောစပ်ပြီး High Commisioner ပုလင်းခွံအလွတ်များအတွင်းသို့ ထည့်သွင်းနေစဉ် တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသဖြင့် ၎င်းအခန်းအတွင်းထပ်မံရှာဖွေခဲ့ရာ Dunfife, Red Lable,Black Lable, Glan Master, JB, Cruiser, High Commisioner,Columbus အမျိုးအစားစသည့် အရက်ဖာစုစုပေါင်း (၁၉၃)ဖာနှင့် High Commisioner ထည့်လက်စအရက်ပုလင်း(၃၇)လုံး၊ အရက်ရောစပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ အရက်ပုလင်းခွံများ၊ ဘောက်ချာစာအုပ်နှင့် စာရင်းစာအုပ်များ၊ ငွေကျပ်(၁၃၀၀၀၀)တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ယင်းသို့ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သိန်းထွန်းပါ (၆)ဦးတို့အား ပိတောက်ချောင်းနယ်မြေ ရဲစခန်း(ပ)၅၇၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice/
လှိုင်မြို့နယ်၌ အရက်အတု ပြုလုပ်ရောင်းချသူများကို ဖမ်းဆီးရမိအရေးယူ
Reviewed by THITHTOOLWIN
on
17:09
Rating:
