နယူးဒေလီ ဒီဇင်ဘာ ၉
အိန္ဒိယမြောက်ပိုင်းတွင် ယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ်တစ်စီး ခေါင်းချင်းဆိုင် တိုက်မိမှုရာမှ ဆရာ ဆရာမ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောသည်။
အဆိုပါ ယာဉ်မတော်တဆမှုသည် ပန်ဂျပ်ပြည်နယ်မြို့တော် ချန်ဒီဂါမှ ကီလိုမီတာ ၃ဝဝ အကွာ ချန်မာဂျီရီကျေးရွာ ဖာဇီကာ - ဖာရိုဇီပါးရ် အဝေးပြေးလမ်း တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုတွင် ဆရာ ဆရာမ ၁၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ ဒဏ်ရာရရှိ သူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ ကြောင်း အမည်မဖော်လိုသူ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။
ယင်းနေ့နံနက်ပိုင်းတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် ယာဉ်တစ်စီးနှင့် တစ်စီး ကောင်းစွာမမြင်ရဘဲ ယာဉ် တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆရာ ဆရာမများမှာ ကျောင်းသို့စာသင်ရန် ထွက်ခွာလာသူများဖြစ်ကြောင်း သိရသည်။ ယာဉ်တိုက်မှုကို စုံစမ်းစစ်ဆေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် အိန္ဒိယ၏ဆောင်းရာသီမှာ ဆိုးရွားလျက်ရှိကာ ဆီးနှင်းကျဆင်းမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
(ဆင်ဟွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အိန္ဒိယတွင် ကားခေါင်းချင်း ဆိုင်တိုက် ဆရာ ဆရာမ ၁၃ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
09:31
Rating:
