အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဒီကနေ့ မြန်မာနိုင်ငံလာမည်


အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖိတ်ကြားမှုအရ ဒီဇင်ဘာလ (၆) ရက် ဒီကနေ့ နေပြည်တော် ကိုလာရောက်မယ်လို့ ဂျကာတာပို့စ်သတင်းဌာန က ဖော်ပြထားပါတယ်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အင်ဒိုနီးရှားနိုင်ငံ ကို သွားရောက်ဖို့စီစဉ်ခဲ့ပေမယ့်မသွားဖြစ်ခဲ့တာကြောင့်အခုလိုဖိတ်ကြားခဲ့ တာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။

 အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပြီး ရခိုင်ဒေသက အကြောင်းအရာတွေ နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ ဂျကာတာပို့စ် မှာဖော်ပြထားခဲ့ပါတယ်။

 အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒ်ါအောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတဲ့နောက်လာမယ့် စနေနေ့မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်နဲ့လည်း တွေ့ဆုံသွားဖို့ရှိကြောင်း ဂျကာတာပို့စ်သတင်းဌာန က ဖော်ပြထားပါတယ်။

ဓာတ်ပုံ - @Wilson Center
5 Plus News
https://www.facebook.com/5plusnews/
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဒီကနေ့ မြန်မာနိုင်ငံလာမည်  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဒီကနေ့ မြန်မာနိုင်ငံလာမည် Reviewed by THITHTOOLWIN on 17:09 Rating: 5
Powered by Blogger.