![]() |
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ KIA လက်နက်ကိုင်များ အခိုင်အမာ တပ်စွဲထားသည့် ပွိုင့်-၁၁၀၃၊ ဂီဒုန်စခန်း (KIA အမည်) နှင့် ဆက်စပ် တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက ရှင်းလင်းသိမ်းပိုက် |
ဒီဇင်ဘာ ၁၆ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်မှ စတင်၍ တပ်မတော် စစ်ကြောင်းများ က လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူရယူ၍ KIA လက်နက်ကိုင်များ အခိုင်အမာတပ်စွဲ ထားသည့် ဂီဒုန်စခန်းကို ချဉ်းကပ် တိုက်ခိုက်ချေမှုန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း KIA အဖွဲ့အနေဖြင့် မြေ အနေအထား အသာ စီးရှိမှုကို ရယူ၍ အပြင်းအထန် ခုခံခဲ့သော် လည်း ရှေ့ကာကင်းကို မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် လည်းကောင်း၊ ပင်မကုန်း ပွိုင့်-၁၁၀၃ ဂီဒုန်စခန်းနေရာကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာသွားသည့် KIA လက်နက်ကိုင်များ နောက်သို့ လက်နက်ကြီး ပစ်ကူရယူ၍ ထက်ကြပ် လိုက်လံ ချေမှုန်းခဲ့ရာ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် လိပ်ပြာကုန်း စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။
ဖြစ်စဉ်တွင် မိမိတပ်မတော်ဘက်မှ အရာရှိနှင့် စစ်သည်တချို့ ကျဆုံး၊ ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား သက်ဆိုင်ရာ တပ်မတော် စစ်ဆေးရုံကြီးများသို့ နေ့ချင်းပြီး ပို့ဆောင် ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
KIA လက်နက်ကိုင် အဖွဲ့ဘက်၌ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီ အထိ သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရရှိမှု များပြားကြောင်း သိရှိရပြီး ၁၂၀ မီလီမီတာ စိန်ပြောင်းကြီး ၂ လက် အပါအ၀င် လက်နက် မျိုးစုံ ၄၁ လက်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး ပတ်ဝန်းကျင် နေရာများကို အသေးစိတ် ရှင်းလင်းဆဲ ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဂီဒုန်စခန်းသိမ်း တိုက်ပွဲ
Reviewed by THITHTOOLWIN
on
06:32
Rating:
