ကမ္ဘာကြီးလည်ပတ်မှုနှေးကွေးသောကြောင့် နိုင်ငံအချို့၌ နှစ်သစ်ကိုကြိုဆိုချိန် တစ်စက္ကန့်ပိုနောက်ကျမည်


ပဲရစ် ဒီဇင်ဘာ ၂၉

ကမ္ဘာကြီးလည်ပတ်မှုနှေးကွေးသောကြောင့် ဗြိတိန် ၊ အိုင်ယာလန် ၊ အိုက်စလန်နှင့်အနောက်အာဖရိကနိုင်ငံများအပါအဝင် နိုင်ငံ အချို့၌ နှစ်သစ်ကိုကြိုဆိုချိန် တစ်စက္ကန့်ပို၍နောက်ကျမည်ဖြစ်ကြောင်း ကမ္ဘာလည်ပတ်မှုနှင့် အချိန် တွက် ချက် သူများကပြောသည် ။

အခြားနိုင်ငံများတွင်မူ ဂရင်းနစ်စံတော်ချိန်နှင့်ဆက်နွှယ်၍ နိုင်ငံ၏ဒေသစံတော်ချိန်အတိုင်း နှစ်သစ်ကိုကြို ဆိုနိုင် မည်ဖြစ် သည်။

အချို့နိုင်ငံများ၌ နှစ်သစ်ကိုကြိုဆိုချိန် တစ်စက္ကန့်ပို၍နောက်ကျခြင်းသည် ကမ္ဘာကြီးလည်ပတ်မှုကိုဆုံးဖြတ်သည့် နက္ခတ္တ ဗေဒ ဆိုင်ရာစံတော် ချိန်ကို တန်းညှိ၍ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၊ ဂရင်းနစ်စံတော်ချိန်မှာမူ ၁၉၆၇ခုနှစ် ကတည်း က အသုံးပြုသော အဏုမြူနာရီများအတိုင်း ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြင်သစ်လေ့လာစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ တစ် စောင်တွင်ပြောသည် ။

ဂရင်းနစ်စံတော်ချိန်အရ ၂ဝ၁၆ ခုနှစ်ဒီဇင်ဘာ ၃၁ ရက် ၂၃ နာရီ ၅၉ မိနစ် ၅၉စက္ကန့် ၊ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ၂၃နာရီ ၅၉ မိနစ် ၆ဝ စက္ကန့် ၊၂ဝ၁၇ ခုနှစ်ဇန်နဝါရီ ၁ ရက်သုညနာရီ သုညမိနစ်သုညစက္ကန့်သည် တစ်ဆက်တည်းဖြစ် ကြောင်းနိုင်ငံ တကာကမ္ဘာကြီး လည် ပတ် မှုနှင့်ကိုးကားမှုစနစ်အဖွဲ့အစည်း (IERS) က ၎င်းတို့၏ဝက်ဘ်ဆိုက်တွင်ပြောသည် ။

ကမ္ဘာကြီးလည်ပတ်မှုကို ကြည့်၍ အချိန်အားညှိနှိုင်းရခြင်းသည် ပုံမှန်မဟုတ်ကြောင်း ၊ကမ္ဘာကြီးလည်ပတ်မှုသည် တစ်ခါ တစ်ရံတွင်မြန် ဆန်၍တစ်ခါတစ်ရံတွင် နှေးကွေးကြောင်း ၊သို့သော် ယေဘုယျအားဖြင့် ကမ္ဘာကြီးလည်ပတ်မှုသည် ဖြည်းဖြည်းချင်းနှေးကွေးလာခြင်းဖြစ်ကြောင်း IERS ၏ ဖော်ပြချက်အရသိရသည် ။

အကြောင်းရင်းမှာ လ၏ဆွဲငင်အားကြောင့်ကမ္ဘာကြီးလည်ပတ်မှုနှေးကွေးခြင်းဖြစ်ပြီး သမုဒ္ဒရာရေစီးကြောင်းလည်း ပိုမိုမြင့် တက် လာသည့် အတွက်ကြောင့်ဖြစ်ကြောင်း သိရသည် ။

မြဝတီ
https://www.facebook.com/mwdwebportal/

ကမ္ဘာကြီးလည်ပတ်မှုနှေးကွေးသောကြောင့် နိုင်ငံအချို့၌ နှစ်သစ်ကိုကြိုဆိုချိန် တစ်စက္ကန့်ပိုနောက်ကျမည် ကမ္ဘာကြီးလည်ပတ်မှုနှေးကွေးသောကြောင့် နိုင်ငံအချို့၌ နှစ်သစ်ကိုကြိုဆိုချိန် တစ်စက္ကန့်ပိုနောက်ကျမည် Reviewed by THITHTOOLWIN on 11:45 Rating: 5
Powered by Blogger.