ဒီဇင်ဘာ ၁၄ ရက် ၂၀၁၆
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် နမ့်စန်မြို့နယ် နမ့်စန်မြို့တောင်ဘက် မတ်မုံ့မွန်းကျေးရွာအုပ်စု ဝမ့်ပါလစ်ကျေးရွာတွင် နေအိမ်တလုံးမီးလောင်ရာ အိမ်အတွင်း အိမ်မောကျနေသည့် မိသားစုသုံးဦး ထွက်ပေါက်မရဘဲ မီးနှင့်အတူသေဆုံးသွားကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၁၃ ရက် ညသန်းခေါင်အချိန်တွင် ပျဉ်ထောင်အိမ်တလုံး မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း၊ မီး လောင် မှု ကြောင့်အိမ်ရှင် နန်းနေ အသက် ၅၀ နှစ်၊ သမီးဖြစ်သူ နန်းမွေ အသက် ၁၃ နှစ် နှင့် မြေး မလေး နန်းဟွမ် အသက် ၁၂ နှစ်နှင့်အတူ သေဆုံးသွားသည်ဟု မီးလောင်သည့်နေရာတွင် ရောက်ရှိ သည့် နမ့်စန်မြို့နေ ဒေသခံက ဤကဲ့သို့ပြောသည်။
“ ည ၁၁ နာရီလောက်လောင်တယ်။ အိမ်ပျဉ်ထောင်အိမ် နှစ်ထပ်၊ လယ်ထွန် စက်တွေ၊ ဆိုင်ကယ်တွေ၊ လှောင်ထားတဲ့ပစ္စည်းတွေ အကုန်လောင်တယ်။ ဘက်ထရီ နဲ့ ချိတ်ထား တဲ့ ဆိုလာမီး ကြောင့်လား၊ ဖုန်း အားသွင်းထား လို့ ပေါက်ကွဲ ရာကနေ မီးလောင်တာလားမသိဘူး” - ဟု မီးလောင်သည့်နေ ရာသို့ ကူညီမှုပေးရန်ရောက်ရှိသည့် စိုင်းအောင် က ပြောသည်။
သေဆုံးသူ နန်းနေသည် သမီးသုံးယောက်ရှိကြောင်း၊ သမီးကြီး နန်းခမ်းဆိုသူ ထိုင်းနိုင်ငံ ဘန်ကောက် ဘက်သော်လည်းကောင်း၊ သမီးလတ် နန်းလှယုံ မှာမူ ချင်းမိုင်မြို့တွင်လည်းကောင်း ရွှေ့ပြောင်းအလုပ် သမားဘ၀ ဖြင့် အလုပ် သွားရောက်လုပ်ကိုင်နေပြီး အငယ်မလေးက ၎င်းနှင့် အတူ မီးလောင်သေဆုံး သွားခြင်းဖြစ်သည်။
"လောင်တာတော့ နာရီဝက်ကျော်ကျော်ဘဲ ။ မီးလောင်တယ်လို့သိတာနဲ့ ၀ိုင်းငြိမ်းကြတယ်။ အိမ်ရှင်ကိုလည်း ရှာတယ်။ မတွေ့ဘူး။ နောက်ဆုံးတော့ မီးပုံထဲမှာ ပြာကျနေပြီ။ " ဟုမီးလောင်မှုအားဝိုင်းငြိမ်းသတ်သည့် စိုင်းဆာမ် ကလည်းပြောပါသည်။
သေဆုံးသွားသူ ၃ ဦးအတွက် ရက်လည်ဆွမ်းသွတ်အလှူအဒါန်းပြုလုပ်ပေး နိုင်ရန် ပန်လိုင်းဆိုင် (မတ်ကျိုင်း) ဌာနေပြည်သူ့စစ်မှ ယနေ့မနက် က ထောက်ပံ့ငွေသွားရောက်ပေးအပ်ခဲ့သည် ဟုသိရသည်။
မတ်မုန့်မွန်းကျေးရွာအုပ်စု ပါလစ်ရွာသည် နမ့်စန်မြို့ အရှေ့တောက်ဘက် သုံးမိုင်အကွာတွင် တည်ရှိသည်။
သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
နမ့်စန်မြို့နယ် ကျေးလက် နေအိမ်တလုံး မီးလောင် မိသားစု သုံးဦးစလုံးသေဆုံး
Reviewed by THITHTOOLWIN
on
22:29
Rating:
