မြေနီကုန်းခုံးကျော်တံတားအောက်ရှိ ‘အနုပညာစီမံကိန်း’ အရှေ့က ပြင် အနောက်က ဖျက်


ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပြင်သစ်သံရုံးတို့ ပူးပေါင်း၍ ဆောက်လုပ်ပြုပြင်လျက်ရှိသော မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ နားနေထိုင်ခုံများနှင့် ကစားကွင်းအသစ်များပါဝင်သည့် အနုပညာစီမံကိန်းမှာ တည်ဆောက်ပြီး ရက်ပိုင်းသာရှိသေးသော်လည်း ကွမ်းတံတွေးများ၊ အမှိုက်များနှင့် ညစ်ပတ်ပေရေနေသည်ကို တွေ့ရှိရသည်။


 အဆိုပါစီမံကိန်းအား ကျပ်သိန်းလေးထောင်နီးပါးအသုံးပြု၍ တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းပြီးဆုံးပါက အခြားကျန်ရှိသော ခုံးကျော်တံတား ၅ စင်းအောက်တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လတ်
News Watch
https://www.facebook.com/NewsWatchJournal/

မြေနီကုန်းခုံးကျော်တံတားအောက်ရှိ ‘အနုပညာစီမံကိန်း’ အရှေ့က ပြင် အနောက်က ဖျက်   မြေနီကုန်းခုံးကျော်တံတားအောက်ရှိ ‘အနုပညာစီမံကိန်း’ အရှေ့က ပြင် အနောက်က ဖျက် Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.