လွှတ်တော်အစည်းအဝေးကျင်းပချိန် ဂျာနယ်ဖတ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဥက္ကဌ သတိပေး


လွှတ်တော်အစည်းအဝေးပြုလုပ်နေချိန် ဂျာနယ်ဖတ်နေတဲ့ ကောလင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်ကို အဲဒီ အပြုအမူမပြုလုပ်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က သတိပေးပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလ (၂၀) ရက် ဒီကနေ့ ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းရဲ့ မေးခွန်းမေးမြန်းခြင်းအစီအစဉ်အပြီးမှာ လွှတ်တော် ဥက္ကဌ က အခုလို သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

ဒီသတင်းပေးခံရမှုနဲ့ပတ်သက်လို့ကောလင်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က သူအနေနဲ့ လွှတ်တော်ကို မလေးမစားလုပ်လိုတဲ့သဘော ၊ ပြည်သူကိုမလေးမစားလုပ်လိုတဲ့သဘောမဟုတ်ပဲ လွှတ်တော်ဥက္ကဌနဲ့ ဒုသမ္မတအတူတူဒဏ်ရာရစစ်သားတွေကို သွားရောက်အားပေးတဲ့သတင်းကို စိတ်ဝင်စားသွားတဲ့ အတွက် ဖတ်မိလိုက်ခြင်းဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ TV မျက်နှာစာမှာ ပေါ်လာတဲ့ အတွက် ပြင်းထန်တဲ့သတိပေးမှုကိုခံရခြင်းဖြစ်ပြီး အဲဒီအတွက် မဲဆန္ဒရှင်တွေ ကိုတောင်းပန်အပ်ပါတယ်လို့ဆိုထားပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်သတိပေးပြောကြားမှု မပြုလုပ်ခင် တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက တမူးမြို့နယ် နဲ့ ဟုမ္မလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ အောင်ဇေယျာလမ်းပိုင်းကို ရာသီမရွေးသွားလာနိုင်တဲ့ လမ်းမကြီးအဖြစ် ဘယ်လို့ စီမံဆောင်ရွက်ပေးမယ်ဆိုတာ သိလိုခြင်းမေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ထံ မေးမြန်းနေတာဖြစ်ပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
လွှတ်တော်အစည်းအဝေးကျင်းပချိန် ဂျာနယ်ဖတ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဥက္ကဌ သတိပေး  လွှတ်တော်အစည်းအဝေးကျင်းပချိန် ဂျာနယ်ဖတ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဥက္ကဌ သတိပေး Reviewed by THITHTOOLWIN on 17:31 Rating: 5
Powered by Blogger.