![]() |
အရှိန်မထိန်းနိုင်သောဆိုင်ကယ်က တစ်ဖက်ယာဉ်ကြောမှ (၆)ဘီးကားအားဝင်တိုက် |
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ တောင်တွင်းကြီး-အောင်လံ-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၂၇/၆)အနီး၌ အရှိန်မထိန်းနိုင်သော ဆိုင်ကယ်က တစ်ဖက်ယာဉ်ကြောမှ (၆)ဘီးကားအား ဝင်တိုက်မိပြီး လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
အောင်လံမြို့ဘက်မှ တောင်တွင်းကြီးမြို့ဘက်သို့ အောင်လံမြို့နယ်၊ ရေနံကြီးကျေးရွာနေ ကိုနိုင် (၃၈)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ကိုရွှေဘို(၃၉)နှစ်လိုက်ပါလာသည့် JUNBO CZI-125 ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ကင်တာ(၆)ဘီးယာဉ်အား တိုက်မိရာ ကိုနိုင်နှင့် ကိုရွှေဘိုတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက အောင်လံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရာ ကိုရွှေဘိုမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသောကြောင့် ယာဉ်မောင်း ကိုနိုင်အား အောင်လံ မြို့မရဲစခန်းယာဉ်(ပ)၄၁/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အရေးယူထား ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
အောင်လံမြို့နယ်မှာ ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:04
Rating:
