မြန်မာအလုပ်သမား အစားထိုးနိုင်ဟု မလေးရှား ဝန်ကြီးပြောကြား

မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ တစ်ရာကျော်ကို ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်။ Photo: Htet Arkar/RFA
မလေးရှား ပြည်သူအင်အားဝန်ကြီး Detuk Seri Richard ဒါတွတ် ဆရီ ရစ်ချပ် က မြန်မာအစိုးရ အနေနဲ့ သူတို့အလုပ်သမားတွေကို ပြန်ခေါ်မယ်ဆိုရင်လည်း မလေးရှားနိုင်ငံရဲ့ အကျိုးစီးပွားကို တစုံတရာထိခိုက်မှာ မဟုတ်ပါဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားတွေ ထပ်မံစေလွှတ်ခြင်း မပြုတော့ဘူးလို့ မြန်မာအစိုးရထံက တရားဝင်အကြောင်းကြားစာ မရရှိသေးကြောင်း၊ သူတို့နိုင်ငံမှာ အခု မြန်မာအလုပ်သမား ၁ သိန်းခန့်ရှိပြီး အဓိကအားဖြင့် ကုန်ထုတ်ကဏ္ဍမှာ လုပ်ကိုင်နေကြတာဖြစ်ကြောင်းနဲ့ မြန်မာအလုပ်သမားတွေ မလာလည်း မလေးရှားကို တခြားနိုင်ငံတွေက လာရောက်လုပ်ကိုင်လိုတဲ့ အလုပ်သမား မြောက်များစွာရှိပါကြောင်း မလေးရှား ပြည်သူ့အင်အားဝန်ကြီးက ပြောပါတယ်။

မြန်မာပြည်က မလေးရှားကို အလုပ်သမားတွေ ထပ်မံစေလွတ်ခြင်း မပြုတော့တဲ့အပြင် ရှိပြီးသား အလုပ် သမားတွေကိုလည်း ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မလေးရှား ဝန်ကြီးက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြန်မာအလုပ်သမား အစားထိုးနိုင်ဟု မလေးရှား ဝန်ကြီးပြောကြား  မြန်မာအလုပ်သမား အစားထိုးနိုင်ဟု မလေးရှား ဝန်ကြီးပြောကြား Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.