ဘင်္ဂါလီအရေးအပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ အလွန်အကျွံ ကြီးထွားအောင် ရှေ့တန်းတင်မှုများကို အမေရိကန် သံအမတ်ဟောင်း ဝေဖန်
ဘင်္ဂါလီအရေး အကျပ်အတည်း ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လူ့အခွင့်အရေး ဆောင်ရွက်မှု များအပေါ် နိုင်ငံတကာ ဝေဖန်သူများအမြင်တွင် အထင်မြင်လွဲမှားမှုများ ဖောင်းကားနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်မှုးဟောင်း Priscilla Clapp က Global Dispatches အင်တာဗျူးတွင် ပြောကြားလိုက်သည်။
Priscilla Clapp သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နှစ်ပေါင်း ၃၀ ကြာ အတွေ့အကြုံရင့် အရာရှိကြီး ဖြစ်ပြီး မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတွင် ၁၉၉၉ မှ ၂၀၀၂ အထိ Charge D' Affair အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူ နှင့် Asia Sociaty ဌာနတွင် အကြီးတန်းအကြံပေး အရာရှိ တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။
Global Dispatches အင်တာဗျူးတွင် သူမအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး အလွန်အမင်း တွန်းအားပေး လုပ်ဆောင်နေခြင်းများ ရှိသည်ကို သူမ မြင်ရကြောင်း ပြောသွားသည်။
“အပြည်ပြည်ဆိုင်ရာ ဝေဖန်မှုတွေကနေ ဘင်္ဂါလီ (ရိုဟင်ဂျာ) အရေးကိစ္စက နည်းလမ်း အမျိုးမျိုးနဲ့ ကြီးထွား ပေါ်ပေါက်လာတာ ဖြစ်တယ်” ဟု ကလပ်က ပြောသည်။
အဆိုပါအရေးကိစ္စနှင့် ပတ်သက်ပြီး သူမ အနေဖြင့် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များအကြား ကြီးမားသည့် ခြားနားမှုကိစ္စ၊ အခြား တိုင်းရင်းသား ဖြစ်မှုကိစ္စနှင့် စီးပွားရေး အကျိုးသက်ရောက်မှုများ နှင့် နှစ်ပေါင်း ၅၅ နှစ်ကျော်မျှ စစ်အစိုးရအုပ်ချုပ် မှု၏ စည်းကမ်းမဲ့ ကိုင်တွယ်ဖြေရှင်းမှုများ ကနေ ဖြစ်ပေါ်လာသည်ဟု ယူဆကြောင်း ဆိုသည်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသား အမျိုးမျိုး ကွဲပြားမှုအပေါ် အခြေခံ၍ လူမျိုးသစ် ဖန်တီးလိုမှုကနေ ပေါက်ထွက်လာခြင်း ဖြစ်နိုင်ကြောင်း သူမက ဆိုသည်။ အဆိုပါ ပြသ၁နာများသည် အချိန်တိုကာလအတွင်း ပြေလည်သွားနိုင်မည့် ကိစ္စမဟုတ်ကြောင်း သူမက ဆိုသည်။
“ကျွန်မတို့ သူတို့ (နိုင်ငံတကာ အသိုင်းအ၀ိုင်း) ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် ဒီပြသ၁နာတွေက ချက်ချင်းပြေလည် သွားစေမှာလား” ဟု သူမ မေးခွန်းထုတ်သည်။
မြန်မာနိုင်ငံအား စစ်အစိုးရအုပ်ချုပ် စဉ်ကာလက နိုင်ငံအနှံ့ တိုင်းပြည်၏ လူနေမှု ဂေဟစနစ်များကို ပြောင်းလဲခဲ့မှုများ ရှိခဲ့သည်ဟု ဆိုသည်။
အကြောင်းပြချက် တစ်ခုအနေဖြင့် နိုင်ငံတကာ အသိုင်းအ၀န်းအနေဖြင့် ဘာကြောင့် ဘင်္ဂါလီအရေးကိစ္စကို အာရုံစိုက်ခြင်း ရှိကြောင်း မစ္စကလပ်က ဆိုသည်။ သူမ လေ့လာမှုအရ ဘင်္ဂါလီ (ရိုဟင်ဂျာ) အရေးကိစ္စနှင့် ပတ်သက်ပြီး HRW ကဲ့သို့ ကျယ်ဝန်းသည့် အဖွဲ့အစည်းများ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် ဝေဖန်မှုများရှိကြောင်း မစ္စ ကလပ်က ဆိုသည်။
“လူ့အခွင့်အရေးသမားတွေက လူ့အခွင့်အရေး အကြောင်းပဲ စဉ်းစားလိမ့်မယ်။ သူတို့က ပန်းချီကား တစ်ချပ်လုံးကို ကြည့်မှာမဟုတ်ဘူး။ ဒီနေရာမှာ ဘာတွေဖြစ်ပွားနေသလဲ ဆိုတာကို သူတို့စိတ်ဝင်စားမှာ မဟုတ်ဘူးလို့”ဟု မစ္စကလပ်က ဆိုသည်။
မစ္စ ကလပ်က ဘင်္ဂါလီအရေးကိစ္စတွေကို ဖန်တီးပြီး အဖွဲ့အစည်းအချို့က နိုင်ငံတကာအရေး ပေါ်ပေါက်လာအောင် လုပ်ဆောင်ခြင်းများ ရှိသည်ဟု ပြောသည်။
“ကျွန်မအနေနဲ့ အဲ့ဒီအဖွဲ့တွေအပေါ် လေးစားမှုတွေ ပြနိုင်မှာ မဟုတ်ဘူး” ဟု မစ္စကလပ်က ဆိုသည်။
Priscilla Clapp မြန်မာနိုင်ငံတွင် တာဝန်ကျစဉ်ကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိတ်ဆွေကဲ့သို့ ခင်မင်သူဖြစ်ပြီး သူမအနေဖြင့် နိုင်ငံကို အကောင်းဆုံး ဦးဆောင်နိုင်မည်ကို ယုံကြည်ကြောင်း ဆိုသည်။
“သူမ အလုပ်ကို အမှန်တကယ် အကောင်းဆုံးလုပ်နိုင်မယ်လို့ ကျွန်မထင်တယ်”ဟု ပြောသည်။
စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies
ဘင်္ဂါလီအရေးအပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ အလွန်အကျွံ ကြီးထွားအောင် ရှေ့တန်းတင်မှုများကို အမေရိကန် သံအမတ်ဟောင်း ဝေဖန်
Reviewed by THITHTOOLWIN
on
19:20
Rating:
